အင်းတော်မြို့မရဲစခန်းအား PDF အမည်ခံအကြမ်းဖက်သမားများက ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသမ်းပစ်ခတ်ရာ ဗုံးသီးများမှာ ရဲစခန်းအနီး လူနေရပ်ကွက် များအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သား ပြည်သူအမျိုးသမီး ၇ ဦးထိခိုက်ဒဏ်ရာရရှိ

အင်းတော်မြို့မရဲစခန်းအား PDF အမည်ခံအကြမ်းဖက်သမားများက ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသမ်းပစ်ခတ်ရာ ဗုံးသီးများမှာ ရဲစခန်းအနီး လူနေရပ်ကွက် များအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သား ပြည်သူအမျိုးသမီး ၇ ဦးထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ နိုဝင်ဘာ ၃၀

          စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့မရဲစခန်းအား PDF အမည်ခံအကြမ်းဖက်သမား များက နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သဖြင့် ၄၀ မမဗုံးသီးများမှာ ရဲစခန်းအနီး လူနေရပ်ကွက်များအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သား ပြည်သူ အမျိုးသမီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၉ ရက် ညနေ ၄ နာရီအချိန်တွင် အင်းတော်မြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်ရှိ အင်းတော်မြို့မရဲစခန်းအား PDF အမည်ခံအကြမ်းဖက် သမားများက ရဲစခန်း၏ မြောက်ဘက် ၄ ဖာလုံခန့်အကွာရှိ ဗန်းမောက်လမ်းဆုံဘက်မှနေ၍ ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားများသည် သက္ကယ်ကျင်း ကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ပါ သည်။

          အကြမ်းဖက်သမားများ၏ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ဗုံးသီးများမှာ ရဲစခန်းအနီး လူနေရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများဖြစ်သည့် ဒေါ်စိန်ရင် (၅၀)နှစ်၊ ဒေါ်မိုးဥမ္မာကျော် (၄၇)နှစ်၊ ဒေါ်သဲကော(၃၂)နှစ်၊ ဒေါ်ဝါဝါခိုင်(၅၁)နှစ်၊ ဒေါ်မိမိငယ်(ခ)မငယ်(၄၃)နှစ်၊ ဒေါ်ခင်ထွေးစိန် (၃၇)နှစ် နှင့် ဒေါ်ကေသွယ်ဝင်း (၄၆)နှစ်တို့ ၇ ဦးတို့တွင် မစိုးရိမ်ရ ဗုံးစထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောဆေးဝါးကုသမှုများ‌ ဆောင်ရွက်ပေးခဲ့သည်။

          ထိုကဲ့သို့ အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိအောင် ဗုံးပစ် လောင်ချာများဖြင့် ရမ်းသန်းပစ်ခတ်ပြီး ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။