လေးမျက်နှာ၊ ဒေသဖွံ့ဖြိုးရေး
စိန်တောင်သစ်သားတံတားအား သံကူကွန်ကရစ် နှစ်လမ်းသွားတံတားအဖြစ် တည်ဆောက်မည်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် လှော်ကထားကျေးရွာအုပ်စုနှင့် မိုးကုတ်ကျေးရွာအုပ်စုချင်းဆက် စိန်တောင်သစ်သားတံတားကို သံကူကွန်ကရစ်နှစ်လမ်းသွားတံတားအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက သိရသည်။
အဆိုပါတံတားသည် လှဲခုံလေးချောင်းကို ဖြတ်ကျော်၍ ပုသိမ် -မုံရွာကားလမ်းမကြီးနှင့် ဆက်သွယ်ပေးထားသောတံတား တစ်ခုဖြစ် ကြောင်း၊ အရှည်ပေ ၉၀၊ အကျယ် ပေ ၂၀ ရှိ Bored Pile အုတ်မြစ် သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ယာဉ်တစ်စီးချင်း ၄၈ တန် ခံနိုင်ဝန်ရှိကြောင်း၊ ယခုအခါ၌ Soil Test (မြေစမ်းသပ်ခြင်း)လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ မြေစမ်းသပ်ပြီးပါက တံတား Design ပုံစံရေးဆွဲပြီး လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ၄၀၅ သန်းဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် တံတားကြီး တည်ဆောက်ပြီးစီးသွားပါက တိုက်ရိုက်အကျိုးပြုကျေးရွာလေးရွာ၊ အိမ်ခြေ ၇၀၈ အိမ်၊ လူဦးရေ၂၈၇၈ ဦးခန့် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ဦးစီးအရာရှိ (မြို့ပြ) ဦးမြင့်လင်းထံမှ သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)