ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားလာစေရန် သင်တန်းဖွင့်လှစ်

ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားလာစေရန် သင်တန်းဖွင့်လှစ်

မောင်တော၊ သင်တန်း

ရခိုင်ပြည်နယ် မောင်တောခရိုင် မောင် တောမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ်၍ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းကို နိုဝင်ဘာ ၃၀ ရက်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ မောင်တောမြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်က အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှုဆိုင်ရာအချက်များ၊ ဘဏ္ဍာရေးဆိုင်ရာများ၊    ပညာရေးနှင့် ပတ်သက်သော လုပ်ငန်းလမ်းညွှန်ချက်များ ကို ထပ်ဆင့်ရှင်းလင်းပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် ကောင်းမွန်သော ပညာရေးစနစ်ဖြစ်ပေါ်ရေးကို ဝိုင်းဝန်းစွမ်းဆောင်ပေးနိုင်ရေး အတွေးအခေါ်မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန် သော ပညာတတ်ကျောင်းသားလူငယ်များပေါ်ထွန်းရန် အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းအုပ်ကြီးများ   စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားမှသာ ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများကို စနစ်တကျ စီမံခန့်ခွဲပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းကို မောင်တောမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းတို့မှ ကျောင်းအုပ်ကြီး ၁၂၀ ဦး တက်ရောက်ပြီး မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်က     သင်တန်းနှင့် ပတ်သက်၍ သင်ကြားပို့ချပေးကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)