နေပြည်တော် ဒီဇင်ဘာ ၁
ပထမအကြိမ် မြန်မာ-ရုရှားပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီအစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ
ပထမအကြိမ် မြန်မာ-ရုရှားပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ ဆက်လက် ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားတပ်မတော်မှ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ် ဦးစီးချုပ် Colonel- General Kim Alexey Rostislavovich နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြန်မာ-ရုရှားပူးတွဲ အကြမ်းဖက် တိုက်ဖျက်ရေး ကော်မတီ ပူးတွဲဥက္ကဋ္ဌများက အစည်းအဝေးမှတ်တမ်းအား အတည်ပြုလက်မှတ် ရေးထိုးကြကာ အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန် လဲလှယ်ကြသည်။
ထို့နောက် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌများ ဖြစ်ကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rost-islavovich တို့က နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)