SIM Card များ မှတ်ပုံတင်ခြင်း ဆိုင်ရာ အသိပေးကြေညာချက်

SIM Card များ မှတ်ပုံတင်ခြင်း ဆိုင်ရာ အသိပေးကြေညာချက်

ဆင်းကတ်များ မှတ်ပုံတင်ရာတွင်   ဖြည့်စွက်ရသည့် အမည်/နိုင်ငံသား စိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက် မှန်ကန်စွာဖြည့်စွက်ထားခြင်း မရှိသည့်ဆင်းကတ်များကို ပိတ်သိမ်းမည်ဖြစ်ပါသဖြင့် သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းကတ်မှတ်ပုံတင်သည့် အမည်/နိုင်ငံသားစိစစ်ရေးကတ် အမှတ်တို့ကို မှန်/မမှန် စစ်ဆေးပြီး    ပြင်ဆင်ရန် လိုအပ်ပါက   (၃၁-၁-၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍  ပြန်လည်ပြင်ဆင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။ မိမိတို့၏အမည်/နိုင်ငံသား စိစစ်ရေးကတ်အမှတ်တို့   မှန်/မမှန် စစ်ဆေးသိရှိနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT အတွက် *601# ၊ Atom အတွက်  *979*3*3# ၊ Ooredoo အတွက်  *666# ၊ Mytel အတွက် *966#   သို့ခေါ်ဆို၍ ကြည့်ရှုစစ်ဆေး နိုင်ပါသည်။ ပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်းဆိုင်များ၊ Application များနှင့် Website  တို့တွင် ဆောင်ရွက်နိုင်ပါကြောင်း  အသိပေး ကြေညာအပ်ပါသည်။                                            

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန