ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ
နေပြည်တော် ဒီဇင်ဘာ ၄
ပြည်သူကို ဥပဒေဝန်ဆောင်မှု ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ မှန်ကန်စွာအလုပ် အကျွေးပြုနိုင်ရေးအတွက် ခရိုင်အသစ်များ ဖွဲ့စည်းပြီး အလုပ်များအောင်မြင်ပြီးမြောက် စွာဆောင်ရွက်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် တာဝန်ရှိ သူများသည် ယနေ့တွင် မန္တလေးတိုင်းဒေသ ကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ဥပဒေရေးရာ ဝန်ကြီးဌာန၏ လက်ရှိနှင့်မျှော်မှန်း လုပ်ဆောင်ချက်များ၊ ဥပဒေနှင့်အညီ ဥပဒေ အကြံဉာဏ်များပေးခြင်း၊ အမှုများလိုက်ပါ ဆောင်ရွက်ခြင်း၊ လာဘ်ပေးလာဘ်ယူ ကိစ္စများ ကင်းရှင်းရေး၊ ရုံးစာများ၊ Zoom အစည်းအဝေးများ လုံခြုံစွာ ဆောင်ရွက်ရေး၊ Online ဆိုင်ရာကိစ္စများကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်နှင့် ဥပဒေရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ မန္တလေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးအေးသိန်း၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများ၊ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့် မြို့နယ်ဥပဒေအရာရှိ များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးသည် မန္တလေးတိုင်းဒေသကြီး အတွင်း အသစ်တိုးချဲ့ဖွဲ့စည်းသည့် မဟာ အောင်မြေခရိုင်ဥပဒေရုံး၊ အောင်မြေသာစံ ခရိုင်ဥပဒေရုံးနှင့် အမရပူရခရိုင်ဥပဒေရုံး တို့သို့ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။