ရေနံဈေးနှုန်းပုံသေသတ်မှတ်မှုကို ရုရှားအစိုးရလက်မခံ
ရုရှားအစိုးရအနေဖြင့် ဥရောပသမဂ္ဂက ချမှတ်သော ရေနံဈေးနှုန်းပုံသေသတ်မှတ်မှုကို လက်မခံကြောင်းနှင့် ဥရောပအနေဖြင့် ရုရှား၏ရေနံမရှိဘဲနေရမည်ဖြစ်ကြောင်း ရုရှားတာဝန်ရှိသူများကပြောသည်။
အခုလိုမျိုး ရေနံဈေးနှုန်းပုံ သေသတ်မှတ်မှုကို ကျွန်တော်တို့အနေနဲ့ လက်မခံပါဘူး။ အခုဆိုရင် အစိုးရက အခြေအနေကို လေ့လာဆန်းစစ်မှုတွေလုပ်နေပါတယ်။ ပြီးရင်တော့ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်သွားမှာပါဟု ရုရှားသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဒီဇင်ဘာ ၃ ရက်တွင် ပြောသည်။
ဥရောပကော်မရှင်ဥက္ကဋ္ဌက ၎င်းတို့အနေဖြင့် ရုရှားနိုင်ငံက ပင်လယ်ရေလမ်းကြောင်းမှ တင်ပို့သော ရေနံစိမ်းများကို တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၀ ဖြင့်သာ ပုံသေဈေးနှုန်းသတ်မှတ်ကြောင်း ဒီဇင်ဘာ ၂ ရက်တွင် ကြေညာထားသည်။
ယခုကဲ့သို့ ရုရှား၏ရေနံများအပေါ် ပုံသေဈေးနှုန်းသတ်မှတ်ခြင်းက ရေနံကနေ ရုရှားရရှိနေတဲ့ ငွေကြေး သိသိသာသာ လျော့နည်းသွားမည့်အပြင် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများတည်ငြိမ်ရေးကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောထားသည်။
သို့သော် ဥရောပအနေဖြင့် ယခုနှစ်မှစ၍ ရုရှားနိုင်ငံမှရေနံမရရှိဘဲ နေထိုင်သွားရတော့မည်ဖြစ်ကြောင်း၊ ထိုအစီအစဉ်တွင် ပါဝင်သော မည်သည့်နိုင်ငံမဆို ရုရှားထံမှရေနံရရှိမည် မဟုတ်ကြောင်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဆိုင်ရာ ရုရှားအမြဲတမ်း ကိုယ်စားလှယ် မီခေးအူလျန်နော့က ပြောထားသည်ဟု သိရသည်။
Ref: Sputnik