စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

မုံရွာ  ဒီဇင်ဘာ  ၄

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန် စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ ရောင်ခြည်သစ်မျက်မမြင်ကျောင်းနှင့် မသန်စွမ်း ဂေဟာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီး ချုပ်က အမှာစကားပြောကြားပြီး ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့အထိမ်းအမှတ် Video Clip ပြသခြင်း၊ ရောင်ခြည်သစ်မျက်မမြင်ကျောင်းမှ မသန်စွမ်းသူများက တေးသီချင်းများ သီဆို ဖျော်ဖြေခြင်း၊ မသန်စွမ်းအားကစားပြိုင်ပွဲနှင့် သီချင်းပြိုင်ပွဲ များတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု ရရှိကြသူများကို ဆုတံဆိပ် နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  မသန်စွမ်း သူများကို ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။                 

(သတင်းစဉ်)