တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့ကြား တွင်းထွက်ပစ္စည်းများနှင့်လျှပ်စစ်စွမ်းအင်များ အပြန်အလှန် ထောက်ပံ့ရေး နားလည်မှု စာချွန်လွှာလက်မှတ်ထိုး

တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့ကြား တွင်းထွက်ပစ္စည်းများနှင့်လျှပ်စစ်စွမ်းအင်များ အပြန်အလှန် ထောက်ပံ့ရေး နားလည်မှု စာချွန်လွှာလက်မှတ်ထိုး

တောင်ကိုရီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ကြား  အဓိကကျသော စက်မှုတွင်းထွက်ပစ္စည်းများနှင့် ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်များ အပြန်အလှန်ထောက်ပံ့ရေးနှင့် ပတ်သက်၍ နားလည်မှု စာချွန်လွှာများကို လက်မှတ်ထိုးကြောင်း   တောင်ကိုရီးယားစက်မှုဝန်ကြီးဌာနက ထုတ်ပြန်သည်။

တောင်ကိုရီးယားသမ္မတနှင့် ဗီယက်နမ်သမ္မတတို့က ဒီဇင်ဘာ ၅ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် နှစ်နိုင်ငံမှ စက်မှုဝန်ကြီးများက နားလည်မှုစာချွန်လွှာသုံးခုကို   လက်မှတ်ထိုးခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ သဘောတူစာချုပ်များအနက်တစ်ခုမှာ အဓိကကျသောစက်မှုတွင်းထွက်ပစ္စည်းများကို ရှာဖွေတူးဖော် ထုတ်လုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုခိုင်မာအားကောင်းစေရန်နှင့် သက်ဆိုင်ရာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မြေရှားဒြပ်စင်များ ဒုတိယအများဆုံးနှင့် အဖြိုက်နက်ဒြပ်စင်   တတိယအများဆုံး တည်ရှိသည့်နိုင်ငံဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံကမူ ထိုကဲ့သို့သော တွင်းထွက်ပစ္စည်းများ တူးဖော်ခြင်းနှင့် သန့်စင်ခြင်းတို့တွင် အဆင့်မြင့်နည်းပညာများကို ပိုင်ဆိုင်ထားကြောင်း စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ထပ် သဘောတူညီချက်တစ်ခုမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေးဖြစ်ကြောင်း သိရသည်။                   

Ref: Yonhap