စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် တစ်ကျပ်သား ရွှေဒင်္ဂါးနှင့် ငါးမူးသား ရွှေဒင်္ဂါးများအား အသစ်သွန်းလောင်း ထုတ်ဝေမည်

စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် တစ်ကျပ်သား ရွှေဒင်္ဂါးနှင့် ငါးမူးသား ရွှေဒင်္ဂါးများအား အသစ်သွန်းလောင်း ထုတ်ဝေမည်

နေပြည်တော် ဇန်နဝါရီ ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သော  ၇၅ နှစ်မြောက်၊ စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် တစ်ကျပ်သား ရွှေဒင်္ဂါးနှင့် ငါးမူးသား ရွှေဒင်္ဂါးများအား အသစ်သွန်းလောင်း ထုတ်ဝေမည်ဖြစ်သည်။

အသစ်သွန်းလောင်းသည့် တစ်ကျပ်သား ရွှေဒင်္ဂါး၏ အချက်အလက်များမှာ အချင်း ၂၆.၀ မီလီမီတာ၊ အထူမှာ ၂ . ၀ မီလီမီတာရှိ၍ ဒင်္ဂါး၏ ရှေ့မျက်နှာပြင်အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး  ပုံ၏ယာဘက်တွင် “၇၅ နှစ်မြောက်” ဟု ဖော်ပြပါရှိပါသည်။ ဆင်ဖြူတော်၏ အောက်ခြေတွင် “၁ ကျပ်သား ၂၀၂၃” ဟုလည်းကောင်း၊  ရွှေဒင်္ဂါး၏ အနားပတ်လည်တွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ်”  “၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့” ဟု လည်းကောင်း ဖော်ပြထားပါသည်။ ရွှေဒင်္ဂါး၏ ကျောဘက်မျက်နှာပြင် တွင်လည်း ဆင်ဖြူတော်ပုံပါရှိပြီး၊ အင်္ဂလိပ်ဘာသာဖြင့် ယာဘက်တွင် '75th '' ၊ ပုံ၏အောက်ဘက်တွင် ''16.329 gm. 2023'' ဟု လည်းကောင်း၊  ရွှေဒင်္ဂါးပြား အနား ပတ်လည်တွင်    ''Central Bank of Myanmar'' ''75th Diamond Jubilee Independence Day''  ဟု လည်းကောင်း ဖော်ပြထားသည်။

အသစ်သွန်းလောင်းသည့် ငါးမူးသား ရွှေဒင်္ဂါး၏ အချက်အလက်များမှာ အချင်း ၂၂.၀ မီလီမီတာ၊ အထူမှာ ၁.၅ မီလီမီတာ ရှိ၍ ဒင်္ဂါး၏ ရှေ့မျက်နှာပြင် အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ပုံ၏ယာဘက်တွင် “ ၇၅ နှစ်မြောက်” ဟု ဖော်ပြပါရှိသည်။ ဆင်ဖြူတော်၏ အောက်ခြေတွင် “၅ မူးသား ၂၀၂၃” ဟု လည်းကောင်း၊ ရွှေဒင်္ဂါး၏ အနားပတ်လည်တွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ်” “၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့” ဟု လည်းကောင်း ဖော်ပြထားသည်။ ရွှေဒင်္ဂါး၏ ကျောဘက်မျက်နှာပြင်တွင်လည်း ဆင်ဖြူတော်ပုံပါရှိပြီး၊ အင်္ဂလိပ်ဘာသာဖြင့် ယာဘက်တွင် '' 75th '' ၊  ပုံ၏ အောက်ဘက်တွင် ''8.164 gm. 2023''ဟု လည်းကောင်း၊  ရွှေဒင်္ဂါးပြား အနားပတ်လည်တွင် ''Central Bank of Myanmar'' ''75th Diamond Jubilee Independence Day''ဟု လည်းကောင်း ဖော်ပြထားသည်။

တစ်ကျပ်သားနှင့် ငါးမူးသား ရွှေဒင်္ဂါးများ ဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့် ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တစ်ပေါင်းတည်း ပါရှိမည်ဖြစ်သည်။

တစ်ကျပ်သားနှင့် ငါးမူးသားရွှေဒင်္ဂါးများကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ အရောင်းဆိုင်များ(နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး)တွင် ဇန်နဝါရီလ ၅ ရက်နေ့မှစ၍ ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။  

Additional uncaught exception thrown while handling exception.

Original

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT 1 AS expression FROM {variable} variable WHERE ( (name = :db_condition_placeholder_0) ); Array ( [:db_condition_placeholder_0] => cron_last ) in variable_set() (line 1258 of /home/mwd/web/myawady.net.mm/public_html/includes/bootstrap.inc).

Additional

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT * FROM {fontyourface_font} WHERE enabled = 1 AND css_selector != '' ORDER BY name ASC; Array ( ) in fontyourface_get_fonts() (line 264 of /home/mwd/web/myawady.net.mm/public_html/sites/all/modules/fontyourface/fontyourface.module).


Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 13437065256802fe2544d7c9.59942943 ) in lock_release_all() (line 269 of /home/mwd/web/myawady.net.mm/public_html/includes/lock.inc).