NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့ဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ ပိန္နဲတောဓာတ်အားခွဲရုံတို့အား ဖောက်ခွဲဖျက်ဆီးမှုအခြေအနေများအား သတင်းထုတ်ပြန်ခြင်း

နေပြည်တော် ဇန်နဝါရီ   ၃ 

NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့ဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ ပိန္နဲတောဓာတ်အားခွဲရုံတို့အား ဖောက်ခွဲဖျက်ဆီးမှုအခြေအနေများအား သတင်းထုတ်ပြန်ခြင်း

၁။         လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို   နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့စီမံဆောင်ရွက်နေသော်လည်း ယခုကာလများတွင် ပြည်သူလူထု၏လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မှုမရှိသဖြင့် ထုတ်လုပ် ပေးနိုင်မှုကိုအခြေခံ၍ မျှတစွာခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူးလျက်ရှိပါသည်။

၂။         ထိုသို့ဆောင်ရွက်နေသည့်ကာလတွင်  NUG  လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများအား ဖောက်ခွဲဖျက်ဆီးမှုများ ရည်ရွယ်ချက် ရှိရှိဖြင့် ပြုလုပ်လျက်ရှိရာ ၂-၁-၂၀၂၃ ရက်နေ့တွင် ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)- ရွှေမြို့ဓာတ်အားလိုင်း၏ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အတွင်းရှိ တာဝါတိုင်(၂)တိုင်ကို ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင်(၂)တိုင်ပြိုလဲပျက်စီးခဲ့ပါသည်။ အဆိုပါဓာတ်အားလိုင်းမှာ ယခုအကြိမ်အပါအဝင် စုစုပေါင်း (၈)ကြိမ်နှင့် တာဝါတိုင်ပေါင်း (၁၈)တိုင် ဖျက်ဆီးခံခဲ့ရသော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံး ပြင်ဆင်နိုင်ရေးကို    စီမံဆောင်ရွက်လျက်ရှိပါသည်။

၃။         အလားတူ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့သို့ ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိသော ပိန္နဲတော ၆၆/၁၁ ကေဗွီ ၂၀ အမ်ဗွီအေ ဓာတ်အားခွဲရုံအား ၁-၁-၂၀၂၃ ရက်နေ့၊ ၁၉း၅၃ နာရီအချိန်ခန့်တွင် NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့သဖြင့် ဓာတ်အားခွဲရုံရှိ ပင်မထရန်စဖော်မာနှင့် ဗို့အားတိုင်းထရန်စဖော်မာတို့ ထိခိုက်ပျက်စီးခဲ့ရပါသည်။ အဆိုပါ ဓာတ်အားခွဲရုံ ထိခိုက်ပျက်စီးခဲ့သဖြင့် ဒေသခံပြည်သူများ အမြန်ဆုံး ဓာတ်အားရရှိရေးအတွက် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ရာ ၂-၁-၂၀၂၃ ရက်နေ့ ၁ရး၀၀ နာရီအချိန်၌ ပြင်ဆင်မှုများ ပြီးစီးခဲ့ပြီး ကျောက်ပန်းတောင်းမြို့သို့ ဓာတ်အားပြန်လည်ပို့လွှတ်  ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။

၄။         သို့ပါ၍ ယနေ့အချိန်ထိ NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ ရည်ရွယ်ချက်ရှိရှိဖြင့် အများပြည်သူသို့ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ လျှပ်စစ်ဓာတ် အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြိမ်ပေါင်း(၂၁၇)ကြိမ်ဖောက်ခွဲဖျက်ဆီးခဲ့ရာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့်လည်း လုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်းကာ ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 လျှပ်စစ်စွမ်းအားဝန်ကြီးဌာန