(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ  ၄

၂၀၂၃  ခုနှစ်   (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပသည်။

နံနက် ၄ နာရီ မိနစ် ၂၀ တွင် အလံတင်တပ်စုက နိုင်ငံတော်စစ်တီးဝိုင်းနှင့်အတူ တိုင်းရင်းသား၊ တိုင်းရင်းသူများ ခြံရံ၍ နိုင်ငံတော်အလံကို လွှင့်တင်ပြီး အလေးပြုကြသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို (၁) စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ (၂) တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ ရေးကို အမျိုးသားရေးလုပ်ငန်းစဉ်များအဖြစ် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ရေး၊ (၃) နိုင်ငံအကျိုး၊ တိုင်းရင်းသား ပြည်သူလူထုအကျိုးကို ရှေးရှုပြီး ရှေ့သို့ချီမည်၊ ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သော နိုင်ငံတော်နှင့် လူမှုစီးပွားဘ၀ တည်ဆောက်ရေး၊ (၄) အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်ရေး၊ (၅) လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပရေးနှင့် တိုင်းရင်းသားအားလုံး အချိုးကျ ကိုယ်စားပြုပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာစေရေး အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ အနှစ်သာရ  ပြည့်ဝစွာကျင်းပခြင်းဖြစ်ကြောင်း သိရသည်။