၂၀၂၃ ခုနှစ်တွင် IS စစ်သွေးကြွအဖွဲ့ အာဖရိကနှင့် အာဖဂန်နစ္စတန်တို့၌ ပြန်လည်ခေါင်းထောင်လာမည်လား

၂၀၂၃ ခုနှစ်တွင် IS စစ်သွေးကြွအဖွဲ့ အာဖရိကနှင့် အာဖဂန်နစ္စတန်တို့၌ ပြန်လည်ခေါင်းထောင်လာမည်လား

IS စစ်သွေးကြွအဖွဲ့သည်  ၎င်းတို့၏ မဟာမိတ်အစွန်းရောက် အဖွဲ့များနှင့် ပူးပေါင်း၍ ကမ္ဘာ့နိုင်ငံများနှင့် ဒေသများ၊ အထူးသဖြင့်    အာဖရိကနှင့်အာဖဂန်နစ္စတန်တို့၌   ပြန်လည်ခေါင်းထောင်လာနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

IS စစ်သွေးကြွအဖွဲ့သည်  ယခင်က ဆီးရီးယားနှင့် အီရတ်စသည့်နိုင်ငံများအတွင်း နယ်မြေအများအပြားကို ထိန်းချုပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံတကာတပ်များ၏ ထိုးစစ်ဆင်မှုနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ထိန်းချုပ်ထားသည့်နယ်မြေများကို လက်လွှတ်ခဲ့ရပြီး စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့လုံးမှာလည်း လုံးဝပျက်စီးလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့သည်။

သို့သော် စစ်သွေးကြွအဖွဲ့မှ အကြွင်းအကျန်များမှာ လက်ရှိအချိန်ထိ လျှို့ဝှက်စွာလှုပ်ရှားဆဲဖြစ်သည်။   အထူးသဖြင့် နိုင်ငံရေးတည်ငြိမ်မှုမရှိသည့်နိုင်ငံများနှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည့် နိုင်ငံများအတွင်း  ထိုးဖောက်ဝင်ရောက်၍   ခြေကုပ်ယူနိုင်ရန်    ကြိုးပမ်းလျက်ရှိသည်။  ယင်းနိုင်ငံများတွင်  ဆီးရီးယားနှင့်အီရတ်နိုင်ငံတို့လည်း  ပါဝင်နေဆဲဖြစ်သည်။

အီရတ်အစိုးရသည်    နိုင်ငံအတွင်းရှိကြွင်းကျန်နေသည့် IS စစ်သွေးကြွ အဖွဲ့ဝင်များအား အပြီးသတ် ချေမှုန်းနိုင်ရေးအတွက် စစ်ဆင်ရေးများကို ဆင်နွှဲခဲ့ပြီးဖြစ်သည်။ထို့ပြင် အီရတ်အာဏာပိုင်များအနေဖြင့် နိုင်ငံအတွင်းရှိ အကြမ်းဖက် စစ်သွေးကြွများ လှုပ်ရှားနေသည်ဟုယူဆရသည့်  ဒေသများကိုရှင်းလင်း၍ ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်အဖြစ် ပြောင်းလဲပေးမည် ဖြစ်ကြောင်း အီရတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော်  IS စစ်သွေးကြွ အဖွဲ့သည်အီရတ်အစိုးရက   လုပ်ဆောင်ခဲ့သည့် စစ်ဆင်မှုများအတွင်း အပြီးသတ်ချေမှုန်းခြင်းမခံရဘဲ ဆက်လက်ရပ်တည်နေနိုင်ခဲ့သည်။ သို့ရာတွင် စစ်သွေးကြွအဖွဲ့သည် ယခင်ကလောက် အင်အားတောင့်တင်းမှု မရှိတော့ပေ။ ထို့ပြင် နိုင်ငံတကာပူးပေါင်းတပ်များကလည်း   ၂၀၂၂   ခုနှစ်အတွင်း အီရတ်တပ်ဖွဲ့များနှင့်ပူးပေါင်း၍ စစ်ဆင်ရေးအကြိမ်ပေါင်း ၃၀၀ ကျော်ဆင်နွှဲခဲ့သည်။

အဆိုပါ စစ်ဆင်ရေးများအတွင်း နိုင်ငံတကာပူးပေါင်းတပ်ဖွဲ့သည်  စစ်သွေးကြွ အဖွဲ့ဝင်ပေါင်း ၁၅၉ ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ပြီး  အနည်းဆုံး စစ်သွေးကြွအဖွဲ့ဝင်၂၂၀ ခန့်ကို ချေမှုန်းနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အီရတ်တပ်များသည်   နိုင်ငံတကာ၏အထောက်အပံ့ကြောင့် IS စစ်သွေးကြွအဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်နိုင်သည်အထိ     စစ်ရေးစွမ်းအား တိုးတက်လာခဲ့သည်။ ထို့ကြောင့်အီရတ်တပ်များသည် ပြီးခဲ့သည့်နှစ်အတွင်းစစ်သွေးကြွအဖွဲ့ကို  တိုက်ထုတ်နိုင်ခဲ့ခြင်းကြောင့်   စစ်သွေးကြွ အဖွဲ့ဝင်များသည် အလျင်အမြန်လူစုခွဲ၍ မြို့ကြီးပြကြီးများမှ ကျေးလက်ဒေသများသို့ စွန့်ခွာသွားခဲ့ရသည်။

IS  စစ်သွေးကြွအဖွဲ့၏   ထိုးဖောက်လှုပ်ရှားမှုများကို    ပြန်ကြည့်မည်ဆိုပါက ယင်းစစ်သွေးကြွအဖွဲ့သည်  အီရတ်နိုင်ငံအတွင်းသို့ ၂၀၁၄ ခုနှစ် ဇွန် ၄ ရက်က စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်းတွင်  စစ်သွေးကြွအဖွဲ့သည် နိုင်ငံအတွင်းရှိ ရေနံမြေများအပါအဝင် နယ်မြေအများအပြားကို သိမ်းယူနိုင်ခဲ့သည်။

ယင်းနောက်တွင် စစ်သွေးကြွအဖွဲ့ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘဂ္ဂဒါဒီက ဆီးရီးယားနိုင်ငံ  အလက်ပိုပြည်နယ်မှ အီရတ်နိုင်ငံ  ဒီယာလာပြည်နယ်အထိ အစ္စလာမ်မစ်နိုင်ငံတော်၏   နယ်နိမိတ်အဖြစ် သတ်မှတ်ခဲ့သည်။

သို့ရာတွင် စစ်သွေးကြွအဖွဲ့မှာ သက်ဆိုးမရှည်ခဲ့ပေ။ နောက်ပိုင်းတွင် ညွန့်ပေါင်းတပ်ဖွဲ့က ၂၀၁၄ ခုနှစ် သြဂုတ် ၇ ရက်မှစ၍ စစ်သွေးကြွများကို လေကြောင်းမှတိုက်ခိုက်လာခဲ့ရာ  ၂၀၁၅  ခုနှစ် တစ်နှစ်တည်းမှာပင် ညွန့်ပေါင်းတပ်ဖွဲ့သည် ဆီးရီးယားနှင့် အီရတ်နိုင်ငံအတွင်းရှိ စစ်သွေးကြွများ၏ ပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၈၀၀၀ ကျော် လုပ်ဆောင်နိုင်ခဲ့သည်။ ယင်းတိုက်ခိုက်မှုများသည်  IS စစ်သွေးကြွအဖွဲ့ကို  များစွာအထိနာစေခဲ့သည်ဟုဆိုနိုင်သည်။

သို့သော် ယခုအခါ အဆိုပါစစ်သွေးကြွအဖွဲ့သည် လူသစ်များ ပြန်လည်စုဆောင်းလာနိုင်သည့်အပြင်   စခန်းအသစ်များပါ ပြန်လည်တည်ထောင်လာနိုင်သည်အထိ ခေါင်းထောင်လာခဲ့သည်။

အဆိုပါစစ်သွေးကြွအဖွဲ့သည်  အထူးသဖြင့်   အီရတ်နိုင်ငံအတွင်း  လုံခြုံရေးအားနည်းပြီး   အကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းကို အခွင့်ကောင်းယူ၍ ပြန်လည်ခေါင်းထောင်နိုင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

ထို့ပြင် စစ်သွေးကြွများသည် တည်ငြိမ်မှုပျက်ပြားနေသော အာဖရိကနိုင်ငံများနှင့် လက်ရှိ တာလီဘန်တို့ ထိန်းချုပ်မှုအောက်သို့ ပြန်လည်ကျရောက်သွားသည့် အာဖဂန်နစ္စတန်နိုင်ငံအတွင်းသို့  ထိုးဖောက်ရန် အခွင့်အခါကောင်းကို စောင့်ဆိုင်းလျက်ရှိသည်။

အချုပ်အားဖြင့်ဆိုရပါမူ IS စစ်သွေးကြွအကြွင်းအကျန်များသည် ၎င်းတို့လက်လွှတ်ခဲ့ရသည့် အီရတ်နှင့် ဆီးရီးယားတို့၌ ပြန်လည်လှုပ်ရှားလာနိုင်သကဲ့သို့ ၂၀၂၃   ခုနှစ်တွင်လည်း  တည်ငြိမ်မှုပျက်ပြားနေသည့် နိုင်ငံတချို့သို့ ထိုးဖောက်ဝင်ရောက်ရန် ဆက်လက်ကြိုးပမ်းလာဖွယ်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။      

Ref:Hstoday,Wilsoncenter

Additional uncaught exception thrown while handling exception.

Original

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT 1 AS expression FROM {variable} variable WHERE ( (name = :db_condition_placeholder_0) ); Array ( [:db_condition_placeholder_0] => cron_last ) in variable_set() (line 1258 of /home/mwd/web/myawady.net.mm/public_html/includes/bootstrap.inc).

Additional

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT * FROM {fontyourface_font} WHERE enabled = 1 AND css_selector != '' ORDER BY name ASC; Array ( ) in fontyourface_get_fonts() (line 264 of /home/mwd/web/myawady.net.mm/public_html/sites/all/modules/fontyourface/fontyourface.module).


Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 52394160867d6f0adedfed1.80505339 ) in lock_release_all() (line 269 of /home/mwd/web/myawady.net.mm/public_html/includes/lock.inc).