(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်သစ်ကူးမိတ်ဆုံစားပွဲနှင့် ကံစမ်းမဲဖောက်ခြင်း အခမ်းအနားကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်သစ်ကူးမိတ်ဆုံစားပွဲနှင့် ကံစမ်းမဲဖောက်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၁၃

စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်သစ်ကူးမိတ်ဆုံစားပွဲနှင့် ကံစမ်းမဲဖောက်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၇)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှူထမ်းများ တက်ရောက်သည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနအနေဖြင့် Regulatory Body တာဝန်များကို ကျေပွန်အောင် အစဉ်အမြဲလေ့လာသုံးသပ် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီး ဌာန၏ မူလရည်ရွယ်ချက်သည် စက်မှုလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်ကြောင်း၊ ဌာနအတွင်း၌ မိမိတို့လုပ်ငန်းနှင့် သက်ဆိုင်သည့် အသိပညာ၊ အတတ်ပညာတိုးတက်ပြန့်ပွားရေးအတွက် အသိပညာ ဖလှယ်ရေး ဆွေးနွေးပွဲများ   ကျင်းပပေးရမည် ဖြစ်ကြောင်း၊ မျိုးဆက်သစ်ဝန်ထမ်းများအနေဖြင့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝအောင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် နှစ်သစ်ကိုပိုင်ဆိုင် ကြပါစေရန် ဆန္ဒပြုပါကြောင်းနှင့် လုပ်ငန်းတာဝန်များကို ဆတက်ထမ်းပိုးကျေပွန်အောင် ထမ်းဆောင်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရှိ ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် အတူတကွ လက်ရည်တစ်ပြင်တည်း နေ့လယ်စာသုံးဆောင်ကြပြီး နေ့လယ်စာ သုံးဆောင်နေစဉ်အတွင်း ဝန်ထမ်းများကို ဗလာမပါကံစမ်းမဲ ဖောက်ပေးခဲ့ကြောင်း သိရသည်။