Worker Remittance အတွက် မလေးရှားရောက် မြန်မာများမှပြန်လည်လွှဲပို့ရာတွင် May Bank မှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးရေးဆွေးနွေး
ရန်ကုန် ဇန်နဝါရီ ၁၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် May Bank, Yangon Branch မှ Sulaiman Abdul Aziz (Country Head) နှင့် Chang Hon Huen (Eddie) (Head, Operations)တို့မှ တာဝန်ရှိသူများကို ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ)၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် May BanK အနေဖြင့် မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ပြီးနောက် ဆောင်ရွက်နေမှု၊ ရုံးချုပ်၏ Policy များဆွေးနွေး တင်ပြခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်ကို လိုလားကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၏ နေ့စဉ်ဆောင်ရွက်ချက်များကို စိစစ်ကြပ်မတ်လျက်ရှိပြီး လက်ရှိနိုင်ငံခြားငွေဈေးကွက်တိုးတက်မှု၊ Interbank Market တွင် ဆောင်ရွက်နေမှုများ၊ ကုန်သွယ်မှုဆိုင်ရာငွေပေးချေမှုများ၊ Worker Remittance အတွက် မလေးရှားရောက် မြန်မာများမှ ပြန်လည်လွှဲပို့ရာတွင် May Bank မှ တက်ကြွစွာပဝင်ဆောင်ရွက်ပေးရေး၊ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဦးအောင်အောင်၊ စာရင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။