ကျေးရွာတွင်း ကွန်ကရစ်ဘီး လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး

ကျေးရွာတွင်း ကွန်ကရစ်ဘီး လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး

    မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့်  အလယ်ပုံကျေးရွာ၌  ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးနေမှု အခြေအနေများကို ဇန်နဝါရီ ၁၄ ရက်တွင်  တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ဦးစီးမှူး ဦးသိန်းဇော်ထွန်း၊ စီမံကိန်းတာဝန်ခံ ဦးတင့်ထွန်းနှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ အလယ်ပုံကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်း ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးသိန်းဇော်ထွန်းက ကျေးရွာကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး ကျေးရွာတွင်းလမ်း ရေရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

    စေတုတ္တရာမြို့နယ် အလယ်ပုံကျေးရွာအုပ်စု အလယ်ပုံကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေကျပ်သိန်း ၁၀၀၊ပြည်သူလူထု ထည့်ဝင် ငွေကျပ် ၁၇ သိန်း၊ စုစုပေါင်းငွေကျပ် ၁၁၇ သိန်း အသုံးပြုပြီး အရှည် ပေ ၈၀၀၊ အကျယ် ၃ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်း ကွန်ကရစ်ဘီး လမ်းခင်းခြင်း လုပ်ငန်းကို စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  အင်ဂျင်နီယာများ၏ နည်းပညာကူညီမှုတို့ဖြင့် ကျေးရွာပြည်သူလူထု ကိုယ်တိုင် ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၃ ရက်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။