“အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီး” တတိယနေ့ ဆက်လက် တင်ဆက်ကပြ

“အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီး” တတိယနေ့ ဆက်လက် တင်ဆက်ကပြ

ရန်ကုန်  ဇန်နဝါရီ  ၁၄

ရန်ကုန်မြို့    မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနက တင်ဆက်ကပြလျက်ရှိသော “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ ဇာတ်တော်ကြီး” ကို ယနေ့မွန်းလွဲ ၁ နာရီတွင် တတိယနေ့အဖြစ် ဆက်လက် တင်ဆက်ကပြသည်။

အဆိုပါ ဇာတ်တော်ကြီးကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိကြီးများနှင့် ဇနီးများ၊ တပ်မတော်သား စစ်သည်မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့တို့မှ  တပ်ဖွဲ့ဝင်များနှင့်  ၎င်းင်းတို့၏ မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ စိတ်ပါဝင်စားသူ ပြည်သူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။

ကပြပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ဖျော်ဖြေတင်ဆက်ကပြခဲ့သော အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။