နေပြည်တော်၊ အောက်တိုဘာ - ၂၅
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေသည့်ကာလအတွင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်း များနှင့် စာသင်တိုက်များသို့
ဆွမ်းဆန်တော်ပိုင်း အခက်အခဲမရှိစေရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသော တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ စုပေါင်း၍လှူဒါန်းသော တစ်ဆုပ်ဆန်အပါအဝင် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့ကို ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးစီး၍ တပ်မတော်အရာရှိကြီးများက ကျောင်းတိုက်အသီးသီးသို့သွားရောက်၍ ဆက်ကပ် လှူဒါန်းကြသည်။
ထိုသို့သွားရောက်လှူဒါန်းရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် ဦးစီးအရာရှိကြီးများသည် ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပ ရပ်ကွက်ရှိ မင်္ဂလာသီရိပတ္တာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ တပင်ရွှေထီးရပ်ကွက်ရှိ ဉာဏဂုဏ်ရည်စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဉာဏိဿရ(ဓမ္မာစရိယ)အမှူးပြုသော ဆရာတော်သံဃာတော်များအား လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့်အဖွဲ့ဝင်များက ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးအုပ်စု၊ရွာသစ်ကြီးကျေးရွာရှိ ရွာသစ်ကြီး ပရိယတ္တိစာသင်တိုက်မှ စာချနာယကဆရာတော် ဘဒ္ဒန္တနန္ဒိယ(ဓမ္မာစရိယ)အမှူးပြုသော ဆရာတော်သံဃာတော်များ၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်အုပ်စု၊ ပန်းခင်း(၃)ရပ်ကွက်ရှိ ပံ့သုကူတောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခေမာစာရ အမှူးပြုသော ဆရာတော်သံဃာ တော်များအားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် အဖွဲ့ဝင်များက ပျဉ်းမနားမြို့နယ်၊ ရွာသာအုပ်စု၊ မြောက်လွတ်ကုန်း ကျေးရွာ (တောင်)ရှိ အုန်းတောကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော ဆရာတော်သံဃာ တော်များအားလည်းကောင်း အသီးသီးသွားရောက်ဖူးမြော်၍ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်သားများနှင့် မိသားစုများမှ နေ့စဉ်စုဆောင်းသည့် တစ်ဆုပ်ဆန်အပါအဝင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် မြန်မာစီးပွားရေး ကော်ပိုးရေးရှင်းမှထုတ်လုပ်သည့် Mask များ၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင် သော ကုမ္ပဏီလီမိတက်၏ ပဒုမ္မာဆပ်ပြာစက်ရုံမှ ထုတ်လုပ်သည့် ပဒုမ္မာဆပ်ပြာမွှေးများ ကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။
ယနေ့လှူဒါန်းမှုအနေဖြင့် ဘုန်းတော်ကြီးကျောင်းအသီးသီးရှိ ရဟန်း၊ သာမဏေ ၃၁၆ ပါးနှင့် သာသနာ့နွယ်ဝင်သီလရှင် ၅ ပါး၊ စုစုပေါင်း ၃၂၁ ပါးတို့အတွက် တစ်လစာ စုစုပေါင်းဆန်အိတ် ၉၂ အိတ်၊ ဆီ ၂၀၀ ပိဿာ၊ ကုလားပဲ ၂၂၄ ပိဿာ၊ ဆား ၁၈၅ ပိဿာ၊ Mask ၂၆၀၀ ခု၊ ပဒုမ္မာဆပ်ပြာမွှေး ၅၅၅ ခဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။