ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ
(ဖြေလျှော့ပေးမည့်ကိစ္စရပ်များမပါ)အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ရက်တိုးမြှင့်သတ်မှတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်
(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ(ဖြေလျှော့ပေးမည့်ကိစ္စရပ်များမပါ)အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားပါကြောင်း အသိပေး ကြေညာအပ်ပါသည်။