နိုင်ဂျီးရီးယားပြည်သူများက အစိုးရ၏ စားနပ်ရိက္ခာဂိုဒေါင်များကို ဖျက်ဆီးပြီး အစားအစာများ လုယက် ယူဆောင်

ဂျော့၊ ပြည်တွင်းရေး

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း၌ ပြည်သူထောင်ပေါင်းများစွာသည် အောက်တိုဘာ ၂၄ ရက်တွင် အစိုးရ၏ စားနပ် ရိက္ခာဂိုဒေါင်များကို ဝင်ရောက်ဖျက်ဆီးပြီး အစားအစာများကို လုယက်ယူဆောင်သွားကြောင်း သိရသည်။

အာဖရိကဒေသရှိ လူဦးရေအများဆုံးဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပွား နေစဉ် အစားအစာရှားပါးမှုကြောင့် သီတင်းပတ်နှစ်ပတ်ကြာ ဆူပူအုံကြွမှုများဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ဂိုဒေါင်ဖောက်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။

နိုင်ငံအနောက်တောင်ပိုင်းရှိ လာဂို့နှင့်အိမြို့တို့၌ လုယက်ဖျက်ဆီးမှုများဖြစ်ပွားပြီးနောက် လူထောင်ပေါင်း များစွာသည် နိုင်ငံအလယ်ပိုင်းဂျော့မြို့ရှိ အစိုးရစားနပ်ရိက္ခာ ဂိုဒေါင်များကို ဖောက်ခြင်းလည်းဖြစ်သည်။

အစိုးရသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက် အသွားအလာကန့်သတ်ခံထားရသည့်   ဒေသများအား ထောက်ပံ့နိုင်ရေးအတွက် အဆိုပါ စားနပ်ရိက္ခာများကို သိုလှောင်ထားခြင်း ဖြစ်သည်။

ဂျော့မြို့ရှိလူထောင်ပေါင်းများစွာသည် ဂိုဒေါင်များအတွင်းမှ နှံစားအိတ်များ၊ ဆန်အိတ်များနှင့် ခေါက်ဆွဲ ခြောက်အိတ်များကို ယူဆောင်သွားကြောင်း လူမှုကွန်ရက်၌ တင်ထားသည့် ဗီဒီယိုများအရ သိရသည်။

လူထောင်ပေါင်းများစွာသည် ဂိုဒေါင်၏ အမိုးကိုဖျက်ဆီးပြီး ဂိုဒေါင်အတွင်းဝင်ကာ အစားအစာများ ယူဆောင်ခြင်း ဖြစ်သည်။

နိုင်ဂျီးရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေစဉ်ကာလအတွင်း လူပေါင်းများစွာမှာ အစာရေစာပြတ်လပ် ပြီးသေဆုံးရကြောင်းသိရသည်။

Ref: CAN