ဘုတ်ပြင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်၌ စည်းပျက်ကင်းမွန်လှေနှစ်စင်းဖမ်းဆီးရမိ

 နေပြည်တော်  အောက်တိုဘာ  ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၄ ရက် ည ၁၁ နာရီခွဲခန့်တွင် ဘုတ်ပြင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၅၅ မိုင်ခန့်အကွာနေရာ အနီးတစ်ဝိုက်အရောက်၌ ငါးမဖမ်းရသတ်မှတ်ထားသောနေရာ၌ စည်းပျက် ငါးဖမ်းနေသည့် ရွှေရည်-၂၀ အမည်ရှိ ကင်းမွန်မီးထွန်းလှေတစ်စင်းနှင့် ရွှေရည်-၃ အမည်ရှိ ကင်းမွန်မီးထွန်း လှေတစ်စင်းတို့ပေါ်မှ အမျိုးသား၂၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့်လှေများအား ကော့သောင်းမြို့ ငါးလုပ်ငန်းဦးစီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့် အညီ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(၁၀၀)