မြစိမ်းရောင်စီမံကိန်းကျေးရွာရွေးချယ်ခြင်းဆောင်ရွက်

ဆင်ပေါင်ဝဲ၊ လူမှုရေး

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၂၅ ရက်နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်မီမီ အောင်က ၂၀၂၀-၂၀၂၁   ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆင်ပေါင်ဝဲမြို့ နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ မြစိမ်းရောင်စီမံကိန်း  အကောင်အထည်ဖော်ဆောင်ရွက်ရန်

ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း၊  အဆိုပါ စီမံကိန်းကျေးရွာတစ်ရွာကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ရွေးချယ်ပေးကြစေလိုကြောင်း ရှင်းလင်းသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်  ကျေးရွာတစ်ရွာကို အတည်ပြု ရွေးချယ်ကြောင်းသိရသည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀  ဘဏ္ဍာ နှစ်အထိ စီမံကိန်းယူနစ် ၂၈ ယူနစ် ကျေးရွာ ၂၈ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းလွင်(မကွေး)