တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ နေပြည်တော်ရှိ အထင်ကရနေရာများသို့ ဒုတိယနေ့ သွားရောက်လေ့လာ

တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ နေပြည်တော်ရှိ အထင်ကရနေရာများသို့ ဒုတိယနေ့ သွားရောက်လေ့လာ

    နေပြည်တော်၌ကျင်းပမည့်    (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာကြသည်။

     အဆိုပါ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များသည် ယနေ့နံနက်ပိုင်းစ၍ တိရစ္ဆာန်ဥယျာဉ်၊ နက္ခတ်တာရာပြခန်း၊ နေပြည်တော် မြို့မဈေး၊ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်၊ စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက် တို့သို့ အဖွဲ့နှစ်ဖွဲ့ခွဲကာ သွားရောက်လေ့လာခဲ့ကြသည်။

    တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့တွင် ကချင်ပြည်နယ်မှ ၃၉ ဦး၊ ကယားပြည်နယ်မှ ၃၈ ဦး၊ ကရင်ပြည်နယ်မှ ၄၀ ဦး၊ ချင်းပြည်နယ်မှ ၃၂ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ၃၈ ဦး၊ မွန်ပြည်နယ်မှ ၃၄ ဦး၊ ရခိုင်ပြည်နယ်မှ ၂၈ ဦးနှင့် ရှမ်းပြည်နယ်မှ ၃၈  ဦးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။