အလုပ်သမားဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၇
အလုပ်သမားဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ထမနဲထိုးပြိုင်ပွဲသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်ဦးစီးဌာန၊ အဖွဲ့ရုံးများမှဝန်ထမ်းများ တက်ရောက်အားပေးကြသည်။
ထမနဲထိုးပြိုင်ပွဲတွင် ဝန်ကြီးဌာနရှိ ဝန်ကြီးရုံး၊ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ပြိုင်ပွဲဝင် အသင်း ခုနစ်သင်းတို့က မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်းအမှတ်ပေး သတ်မှတ်ချက်များနှင့်အညီ အားကြိုးမာန်တက် ယှဉ်ပြိုင်ကြပြီး ဝန်ထမ်းများကလည်း အိုးစည်၊ ဒိုးပတ်များဖြင့် ပျော်ရွှင်စွာ အားပေးခဲ့ကြကြောင်းနှင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိသည့် အသင်းများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။