သံအမတ်ကြီး ဦးတင်ယု အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ဒုတိယသမ္မတ ရှိတ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မတ်တွန်းထံ ခန့်အပ်လွှာပေးအပ်
နေပြည်တော် ဖေဖော်ဝါရီ ၉
အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံအမတ်ကြီး ဦးတင်ယုသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ အဘူဒါဘီမြို့ရှိ Qasr Al-Watan နန်းတော်၌ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ဒုတိယသမ္မတ ရှိတ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မတ်တွန်းထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။