၂၀၁၈  ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသော ကုမ္ပဏီများ စာရင်းရှိ Aung Khant Myat Co., Ltd..တွင် ဒါရိုက်တာ အမည်ပြင်ဆင်ချက်

၂၀၁၈  ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသော ကုမ္ပဏီများ စာရင်းရှိ Aung Khant Myat Co., Ltd..တွင် ဒါရိုက်တာ အမည်ပြင်ဆင်ချက်

(၁၀-၅-၂၀၂၂) ရက်နေ့ထုတ် မြန်မာ့အလင်းနှင့်  ကြေးမုံသတင်းစာတို့တွင် ၂၀၁၈ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသောကုမ္ပဏီများအား  နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂-က အရ အရေးယူ ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီများနှင့် ပူးတွဲဖော်ပြထားသည့် ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း ကြေညာခဲ့ပါသည်။

အဆိုပါစာရင်းရှိ Aung  Khant Myat Company Limited တွင် ဒါရိုက်တာတစ်ဦး၏ အမည် လွဲမှား ပါရှိနေပါသဖြင့် Aung Khant Myat Company Limited ၏ ဒါရိုက်တာ အမည်စာရင်းအား အောက်ပါအတိုင်း ပြင်ဆင်ကြေညာပါသည်။