ကျေးရွာကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

ကလေး၊ ဒေသဖွံ့ဖြိုးရေး

ကျေးရွာကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငုံးသုန်ကျေးရွာ၌ ကျေးရွာကွန်ကရစ် လမ်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ ကျင်းပသည်။

ရှေးဦးစွာ ကလောခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ဇော်လင်းက အမှာစကားပြောကြားသည်။

ဆက်လက်၍ ကလောမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးကျော်စွာက ကျေးရွာတွင်း ကွန်ကရစ် လမ်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ငုံးသုန်ကျေးရွာကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ငုံးသုန်ကျေးရွာရှိ အဆိုပါကွန်ကရစ်လမ်းသည် အရှည်ပေ ၇၅၀၊ အကျယ်၁၀ ပေ၊ ထု ၆ လက်မရှိပြီး ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ် ၁၀ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၃ ဒသမ ၃၅ သန်းကိုအသုံးပြုကာ ဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့်  ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း   သိရသည်။                       

  မောင်ခိုင်