အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.5 တွေ့ရှိရသူ (၉)ဦးနှင့် BA.2 တွေ့ရှိရသူ (၅)ဦး (၎င်း၏မျိုးကွဲ XBB.1 တွေ့ရှိသူ (၂)ဦးအပါအဝင်)တို့သည် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာကြသူများဖြစ်
SARS-CoV-2 Variant Omicron မျိုးရိုးဗီဇပြောင်းရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း
(၈-၂-၂၀၂၃)ရက်နေ့
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)နှင့် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့်လည်းကောင်း၊ နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့်လည်းကောင်း ဝင်ရောက်လာသူများနှင့် ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသော ဓာတ်ခွဲအတည်ပြုလူနာများထံမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲ စစ်ဆေးလျက်ရှိပြီး အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာ (၁၇)ခုအား ဆေးသုတေသန ဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇစစ်ဆေးခြင်းကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ (၆-၂-၂၀၂၃)ရက်နေ့တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.5 နှင့် ၎င်း၏မျိုးကွဲများကို ဓာတ်ခွဲနမူနာ (၉)ခုတွင်လည်းကောင်း၊ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.2 နှင့် ၎င်း၏မျိုးကွဲများကို ဓာတ်ခွဲနမူနာ (၈)ခုတွင်လည်းကောင်း တွေ့ရှိရပါသည်။ BA.2 တွေ့ရှိသော ဓာတ်ခွဲနမူနာများတွင် BA.2 ၏မျိုးကွဲ XBB.1 တွေ့ရှိသော ဓာတ်ခွဲနမူနာ(၂)ခုပါဝင်ပါသည်။
၃။ အဆိုပါ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.5 တွေ့ရှိရသူ (၉)ဦးနှင့် BA.2 တွေ့ရှိရသူ (၅)ဦး (၎င်း၏မျိုးကွဲ XBB.1 တွေ့ရှိသူ (၂)ဦးအပါအဝင်) တို့သည် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသူများဖြစ်ပြီး ကျန် BA.2 ရောဂါပိုးတွေ့ရှိရသူ (၃)ဦးတို့သည် ပြည်တွင်းကူးစက်မှုများမှ တွေ့ရှိရခြင်းဖြစ်ပါသည်။
၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း စနစ်တကျသီးခြားထားရှိကုသမှုပေးခဲ့ပြီး ကျန်းမာရေးအခြေအနေများမှာ ကောင်းမွန်လျက်ရှိပါသည်။
၄။ နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုးများသည် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့် သေဆုံးမှုတို့ လျော့နည်းကြောင်း တွေ့ရှိရပါသည်။
၅။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းအား မပျက်မကွက်ခံယူကြပါရန် သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန