အသက်တစ်နှစ်အောက်ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့်ဆေးတိုက်ခြင်းဆောင်ရွက်

အသက်တစ်နှစ်အောက်ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့်ဆေးတိုက်ခြင်းဆောင်ရွက်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ မွေးကင်းစမှ  တစ်နှစ်အောက်ကလေးများ  ကျန်းမာပျော်ရွှင်စွာ  ကြီးပြင်းလာစေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏   ဦးဆောင်ကြီးကြပ်မှုဖြင့်   ကျန်းမာရေးဝန်ထမ်းများက  မွေးကင်းစအရွယ်မှ အသက်တစ်နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ် ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများကို  မတ် ၁ ရက်မှစတင်ကာ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ   ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးစုရပ် အသီးသီး၌ လှည့်လည်ကာ    ပုံမှန်ကာကွယ်ဆေးဖြစ်သည့်  ဆုံဆို့၊  ကြက်ညှာ၊ မေးခိုင်၊  အသည်းရောင်အသားဝါ  (ဘီ) ပိုး၊ ဦးနှောက်အမြှေးရောင်  ၅ မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊  ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ စသည့် ကာကွယ်ဆေးတို့ကို လစဉ်လဆန်းတစ်ရက်မှစ၍  သတ်မှတ်ထားသည့်စုရပ်များ၌   ပုံမှန်တိုက်ကျွေးလျက်ရှိကြောင်း   ကလိုင်း ကနိုင်ကျေးရွာ မိခင်နှင့်ကလေးကျန်းမာရေးဆေးခန်းမှ သားဖွားဆရာမဒေါ်နီနီအေးထံမှ သိရသည်။

 ကျိုက်မရော(ပြန်/ဆက်)