ခရမ်းချဉ်သီးနှင့်ကျန်းမာရေး
ခရမ်းချဉ်သီးမှာ ဗီတာမင်စီအပြည့်အဝပါဝင်လို့ သွားဖုံးနဲ့ သွားရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါ တယ်။ ဗီတာမင်ကေက အရိုးတွေကို ကျန်းမာကြံ့ခိုင် စေပြီး ခန္ဓာကိုယ်ကနေ ကယ်စီယမ်စုပ်ယူမှုကိုအား ပေးပါတယ်။ အနီရောင်ခရမ်းချဉ်သီးမှာ ဘီတာကယ် ရိုတင်းဓာတ်ကြွယ်ဝပြီး ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ဗီတာမင်အေအဖြစ်ပြောင်းလဲပြီး အမြင်အာရုံနဲ့ ခုခံအားစနစ်ကို အထောက်အကူ ပြုပါတယ်။
ခရမ်းချဉ်သီးကို ဟင်းအနှစ်အတွက်ပဲဖြစ်ဖြစ်၊ ရေစင်အောင်ဆေးပြီး အစိမ်းလိုက်ပဲစားစား၊ လက် ဖက်သုပ်၊ ချင်းသုပ်၊ တခြားအသုပ် တွေထဲမှာထည့် စားစား၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်၊ ဆီချက်တို့နဲ့ပဲသုပ် စားစား အရသာရှိပြီး ကျန်းမာရေးအတွက် အကျိုး ကျေးဇူးတွေ ရရှိနိုင်မှာဖြစ်ပါတယ်။
ခရမ်းချဉ်သီးက အရောင်အသွေးလှတယ်။ စားလိုက်ရင် ခပ်ချဉ်ချဉ်အရသာရှိပါတယ်။ ခရမ်းချဉ်သီးက ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အပြင် ခရမ်းချဉ်သီးမှာ အသားအရေကိုကြည်လင် စေနိုင်တဲ့ လိုင်ကိုပင်းဓာတ်ကြွယ်ဝစွာပါဝင်ပြီး အသား အရေထိန်းသိမ်းမှုအတွက်လည်း အထောက်အကူ ပြုပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို စားပေးလို့ရသလို အရေပြားပေါ်မှာ ကပ်ပေး တာကလည်း အသားအရေ ကို ထိထိရောက်ရောက်ထိန်းသိမ်းရာရောက်ပါတယ်။ အသားအရေကြည်ကြည်လင်လင်နဲ့ လှချင်တယ် ဆိုရင် ခရမ်းချဉ်သီးရဲ့အကူအညီယူနိုင်ပါတယ်။
ခရမ်းချဉ်သီးက ကင်ဆာရောဂါကိုလည်း ကာကွယ် ပေးနိုင်စွမ်းရှိပါတယ်။ ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ဓာတ်ပါဝင်တာကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီး ကင်ဆာ၊ အစာအိမ်ကင်ဆာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေ မပွားလာ အောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။
ခရမ်းချဉ်သီးစားပေးရင် အရိုးအဆစ်တွေသန်မာ စေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ ကယ်စီယမ်နဲ့ ဗီတာမင်ကေတို့ ကြွယ်ဝစွာပါဝင် နေပါတယ်။ အဆိုပါ ဓာတ်နှစ်ခုစလုံးက အရိုးတစ်သျှူးတွေအပေါ် အကောင်းဆုံးဖြည့်ပေးနိုင်ပါတယ်။ အရိုးတွေကို သန်မာစေသလို လိုအပ်တဲ့ အာဟာရဓာတ်တွေကို လည်း ဖြည့်ပေးနိုင်ပါတယ်။
ခရမ်းချဉ်သီးက နီကိုတင်းကြောင့် ထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ခန္ဓာကိုယ်မှာနီကိုတင်းကြောင့် ထိခိုက်မှုတော်တော်ဖြစ် နိုင်ပါတယ်။ အဲဒီလိုထိခိုက်မှုတွေနည်းချင်ရင် ခရမ်း ချဉ်သီးစားပေးသင့်ပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့ ကိုမာရစ်အက်စစ်နဲ့ ကိုလိုရိုဂျင်းနစ်အက်စစ်တို့က စီးကရက်၊ ဆေးလိပ်သောက်သုံးမှုကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆေးလိပ်သောက်သူတွေအနေနဲ့ ခရမ်းချဉ်သီးကိုစား ပေးသင့်ပါတယ်။
ခရမ်းချဉ်သီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မထိခိုက်အောင် ကာကွယ်ပေးတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်း တွေက အသားအရေကိုရော ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်၀ စွာပါဝင်နေသလို သွေးတွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ ဗီတာမင် အေနဲ့ ဗီတာမင်စီ တို့ကြွယ်ဝစွာပါဝင်ပါတယ်။ အစိမ်း အတိုင်းစားရင်တောင် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုမရှိအောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
ခရမ်းချဉ်သီးက နှလုံးကိုကျန်းမာစေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ ဗီတာမင်ဘီနဲ့ ပိုတက်စီယမ်ပါဝင်လို့ သွေးတွင်း ကိုလက်စထရောကို ကျစေပြီး သွေးပေါင် ချိန်ကို အထိရောက်ဆုံးထိန်းညှိပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို ပုံမှန်စားသုံးပေးတာက ရုတ်တရက်နှလုံး ရပ်တာ၊ လေဖြတ်တာ၊ အသက်အန္တရာယ်ထိခိုက်စေ နိုင်တဲ့ရောဂါတွေကနေ အထိရောက်ဆုံးကာကွယ်ပေး နိုင်ပါတယ်။
ခရမ်းချဉ်သီးက ခန္ဓာကိုယ်ရဲ့တခြားအင်္ဂါတွေထက် နှလုံးကျန်းမာရေးကို အဓိကအကျိုးသက်ရောက်မှုရှိပါတယ်။ ခရမ်းချဉ်သီးမှာ ပါတဲ့ လိုင်ကိုပင်းဓာတ်က အစွမ်းထက်အင်တီအောက်စီဒင့်ဖြစ်တာကြောင့် နှလုံးကိုသာမကဘဲ ဆီးကျိတ်ကင်ဆာရောဂါမဖြစ်ပွား အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ပြင် နေရောင်ခြည်မှာပါဝင်တဲ့ UV ရောင်ခြည်ရဲ့ အရေပြား ပေါ်ထိခိုက်တာကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးစားသုံးတာက ရင်သားကင်ဆာ၊ ဦးနှောက်ကင်ဆာ၊ လည်ပင်းကင်ဆာနဲ့ အာရုံကြော ရောဂါတွေဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးနိုင်ပါ တယ်။
ခရမ်းချဉ်သီးကို ဖျော်ရည်အနေနဲ့လည်း သောက်နိုင်ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်တစ်နေ့တစ်ခွက် သောက်တာက အသားအရေ နုပျိုလှပစေပြီး ခန္ဓာကိုယ်ကိုလည်း ကျန်းမာကြံ့ခိုင်စေပါတယ်။ ကိုယ်ဝန် ဆောင်မိခင်တွေအနေနဲ့ ခရမ်းချဉ်သီးဖျော်ရည် တစ်နေ့ တစ်ခွက်သောက်ပေးသင့်ပါတယ်။ ခရမ်းချဉ်သီးက ခန္ဓာကိုယ်ရဲ့ သံဓာတ်စုပ်ယူမှုကိုအားပေးပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းပြီး သွေးသားကိုလည်း သန့်စင်စေပါတယ်။
ခရမ်းချဉ်သီးနဲ့ အလှအပကိုထိန်းသိမ်းနိုင်ပါတယ်။ ခရမ်းချဉ်သီးအရည်နဲ့ သံပရာအရည် နှစ်စက်၊ လေး စက်ရောပြီး မျက်နှာပေါ်ကို ဂွမ်းနဲ့သုတ်လိမ်းပေးရင် မျက်နှာပေါ်ကြေးညှော်ကင်းစေပါတယ်။ မျက်နှာပေါ် မှာ စက်ဝိုင်းပုံသဏ္ဌာန်လှည့်ပတ်ပြီး နှိပ်ပေးသင့်တယ်။ ၁၅ မိနစ်လောက်ထားပြီး ရေကြက်သီးနွေး သို့မဟုတ် ရိုးရိုးရေနဲ့ မျက်နှာသစ်ပေးသင့်ပါတယ်။ မျက်နှာရေ သုတ်ပြီးရင် အစိုဓာတ် ထိန်းခရင်မ်တစ်ခုခုလိမ်းထားပေးသင့်ပါတယ်။
ခရမ်းချဉ်သီးအသားနဲ့ ထောပတ်သီးအသားတွေ ကို ပန်းကန်တစ်ခုထဲထည့်ပြီး သမသွားအောင်မွှေပြီး ရင် မျက်နှာပေါ်လိမ်း မိနစ် ၂၀၊ ၃၀ လောက်ထားပြီး ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ရင် သင့်တော်ပါတယ်။
အသားအရေကို တင်းရင်းစေပြီး မျက်နှာမှာရှိတဲ့ အမည်းစက်တွေကို သက်သာစေပါတယ်။ အဆီဓာတ် ကို လျော့နည်းစေပြီး အစိုဓာတ်ကို ထိန်းညှိပေးပါတယ်။
ခရမ်းချဉ်သီးနဲ့ သခွားသီးကို မျက်နှာပေါင်းတင်ရာမှာ သုံးနိုင်ပါတယ်။ သခွားသီးကို အရည်ညှစ်၊ ခရမ်းချဉ်သီးအရည်ထဲရောပြီး မျက်နှာပေါ်ကို ဂွမ်းစနဲ့ ပွတ်လိမ်းပေးသင့်တယ်။ မိနစ် ၂၀ လောက်ထားပြီး မျက်နှာကိုရေနဲ့သန့်စင်ပေးရင် မျက်နှာပြင်ပေါ်မှာရှိတဲ့ အဆီတွေကို ဖယ်ရှားပေးပြီး ဝက်ခြံထွက်တာကို တားဆီးပေးပါတယ်။
ခရမ်းချဉ်သီးနဲ့ ဒိန်ချဉ်ကိုလည်း မျက်နှာသန့်စင် ရာမှာ အသုံးပြုနိုင်ပါတယ်။ အရေပြားကြမ်းတမ်းတာ၊ မျက်နှာယားယံတတ်တာ၊ အနီစက်ထွက်တာ၊ နေလောင်တာ၊ အရေပြားအဖတ်လေးတွေကွာကျတာ၊ မျက်နှာအသားအရေမညီဘဲ အကွက်တွေဖြစ်ပေါ်နေ တာ စတာတွေအတွက် ခရမ်းချဉ်သီးအနေတော် တစ်လုံးကို ထက်ဝက်ခြမ်း အရည်ညှစ်ပြီးသားခရမ်း ချဉ်သီးအရည် လက်ဖက်ရည် ဇွန်းနှစ်ဇွန်းကို ဒိန်ချဉ်လက်ဖက်ရည်ဇွန်းလေးဇွန်းနဲ့ရောပြီး သေသေချာချာ ပွတ်လိမ်းပေးသင့်ပါတယ်။ နာရီဝက်လောက်ထားပြီး မှ ရေချိုးသန့်စင်ပေးရင် ဖြူဝင်းသန့်ရှင်းတဲ့မျက်နှာကို ရရှိစေပါတယ်။
ခရမ်းချဉ်သီးက ဆံသားကိုလည်း သန်စွမ်းစေပါတယ်။ ခရမ်းချဉ်သီးမှာ ဗီတာမင်အေပါဝင်မှုက ဆံသားကို သန်စွမ်းတောက်ပြောင် စေတဲ့အပြင် မျက်လုံး၊ အသားအရေ၊ အရိုးနဲ့သွားတွေကိုပါ ကျန်းမာစေနိုင် ပါတယ်။ ခရမ်းချဉ်သီးကို အစေ့မပါဘဲစားပေးရင် ကျောက်ကပ် ကျန်းမာစေနိုင်ပြီး ဆီးကျောက်တည်တာကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။
ဒေါက်တာလွင်သန့်