ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပ

ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်  မတ်  ၆

    ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် အခမ်းအနားပြပွဲနှင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး    ဦးအောင်ကျော်ထွန်း ဦးဆောင်၍ ယနေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ နေပြည်တော်၌ ကျင်းပသည်။

    အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်စဉ် မတ်၂၂ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကော်မတီမှကြီးမှူးပြီး ၂၀၁၄ ခုနှစ်မှစ၍ ကိုဗစ်-၁၉ ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်အထိ ခြောက်ကြိမ်တိုင်အောင် နှစ်စဉ် ကျင်းပခဲ့ကြောင်း၊ ယနေ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   လက်ထက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံသည့် ရေအရင်းအမြစ်များအား စီမံဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ပြန်လည်ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယခုနှစ် ကမ္ဘာ့ရေနေ့ ၂၀၂၃ ခုနှစ် အထိမ်းအမှတ် ဆောင်ပုဒ်မှာ ရေဆိုင်ရာ အချက်အလက်များ ဖြည့်ဆည်းရန် “အရှိန်အဟုန်မြှင့်  ရှေ့သို့ ကြိုးပမ်း ပြောင်းလဲဆောင်ရွက်ခြင်း  Acceleration Changes ဖြစ်ကြောင်း၊ ယခုနှစ်အတွက် ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် အခမ်းအနားပြပွဲနှင့်  ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို   အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သော ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း တာဝန်ပေးအပ်ပြီး ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

    အစည်းအဝေးတွင် ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ်အခမ်းအနား ကျင်းပရေး လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်ထားရှိမှုကို ရှင်းလင်း တင်ပြသည်။

    ထို့နောက် ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေး လုပ်ငန်းများ ပြခန်းများနှင့် Power Point Presentation များ ပါဝင်ပြသနိုင်ရေး၊    အလွတ်တန်း ဆောင်းပါးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။