ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်သံဘိုကျေးရွာအုပ်စု သံဘို(မ)ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မတ် ၆ ရက် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မေသက်နိုင်နှင့် တာဝန်ရှိသူများက သံဘို(မ)ကျေးရွာ၌ ဂါလန်၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းနှင့် ၆၃၆၂ ပေရှိသည့် အိမ်သွယ်ရေတိုင်စနစ်ဆောင်ရွက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ ရေရရှိရေးလုပ်ငန်းကို နိုင်ငံတော်မှ ပံ့ပိုးငွေကျပ် ၂၁ ဒသမ ၉၄ သန်းဖြင့် ဇန်နဝါရီလ ဒုတိယပတ်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
နွဲ့ယဉ်