မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ကျောက်စရစ်သီးသန့်တင်ပို့သည့် သင်္ဘော အစင်းရေများပြားလာ

မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ကျောက်စရစ်သီးသန့်တင်ပို့သည့် သင်္ဘော အစင်းရေများပြားလာ

မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်စရစ် သီးသန့်တင်ပို့သည့် သင်္ဘောအစင်းရေများပြားလာကြောင်း မန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမောင်ထံမှ သိရသည်။

ယခုအခါ ဧရာဝတီမြစ်အတွင်း ရေနည်းချိန်ကာလဖြစ်သော်လည်း ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ကျောက်စရစ် သီးသန့်တင်ပို့သည့် သင်္ဘောများ သွားလာရာတွင် အဆင်ပြေစွာသွားလာ လျက်ရှိကြောင်း၊ ရေကြောင်းကောင်းမွန်သည့်အပြင်  ကုန်ကြမ်းရရှိမှုလည်း များပြားလာမှုကြောင့် မတ်လ ဒုတိယပတ်မှစ၍ ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့   ကျောက်စရစ်သီးသန့်တင်ပို့သည့် သင်္ဘောအစင်းရေ   ယခင်ကထက်  ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

အခု ရွှေကြက်ယက်ဆိပ်ကမ်းမှာက ကုန်ကြမ်းရရှိမှုက    တော်တော်လေး အားကောင်းလာတယ်။ အခုလတ်တလောကတော့ ကျောက်စရစ်တင်ပို့မှု  အများဆုံးဖြစ်နေပါတယ်ဟု    ဦးဝင်းမောင်က ပြောသည်။

ရွှေကြက်ယက်ဆိပ်ကမ်းမှ  ရန်ကုန်ဆိပ်ကမ်းသို့   ကျောက်စရစ်  သီးသန့်တင်ပို့သည့် သင်္ဘောအစင်းရေမှာ မတ်လ ပထမပတ်အတွင်းက သင်္ဘောအစင်းရေ ၃၀ ကျော်သာရှိခဲ့ကြောင်း၊ ယခုအခါ ကုန်ကြမ်း ရရှိမှုများပြားလာ၍ မတ်လ ဒုတိယပတ်မှစ၍ ကျောက်စရစ် သီးသန့်တင်ပို့သည့် သင်္ဘောအစင်းရေ ၆၀ ကျော်ထိရှိလာပြီး ပိုမိုများပြားလာကြောင်း သိရသည်။

ဗလ