ညောင်ဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနဝန်ထမ်းအိမ်ရာ တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

ညောင်ဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနဝန်ထမ်းအိမ်ရာ တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ   ဝန်ထမ်းအိမ်ရာ(၆)ခန်းတွဲ (၃)ထပ်ဆောက်လုပ်ပြီးစီးမှုနှင့်  အနော်ရထာနှစ်လမ်းသွားလမ်းမပေါ်ရှိ ရေကျော်ဆောင်ရွက်ခြင်းလုပ်ငန်းပြီးစီးသည့် နေရာတို့သို့  ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့   ဥက္ကဋ္ဌဦးနန်းတင့်နှင့် တာဝန်ရှိသူများက မတ် ၉ ရက် နံနက်ပိုင်းတွင် သွားရောက်စစ်ဆေးကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အအုံဦးစီးဌာန  အဆောက်အအုံအထူးအဖွဲ့ (၇)မှ တာဝန်ယူ တည်ဆောက်ခဲ့သည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ(၆)ခန်းတွဲ(၃)ထပ်ဆောင်ဆောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း၊ သံကူကွန်ကရစ်အဆောက်အအုံဖြစ်ကာ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေကျပ် ၃၀၉ ဒသမ ၃၉၅၅ သန်း၊ ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် ကျပ်သန်း၂၀၀၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေကျပ် ၂၀၇ ဒသမ ၈၉၅ သန်း တို့ဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

  မန္တလေးတိုင်းဒေသကြီး  ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနပုဂံမြို့ဟောင်း အနော်ရထာ နှစ်လမ်းသွား ကားလမ်းမပေါ်ရှိ ရေကျော်နှစ်ခုကို၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  ခွင့်ပြုရန်ပုံငွေကျပ်၄၉ သန်းဖြင့်   ဆောင်ရွက်ခြင်းဖြစ်ကြောင်း    သိရသည်။            

 ဒီပါလင်း