နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်း၊ အလယ်တောရစံပြ စာသင်တိုက်၏ သာသနာ့မြေပေါ်ရှိ ဆောက်လုပ်ဆဲ ဓမ္မဝိဇယသာသနာ့ ဗိမာန်တော် RC ၄ ထပ် အဆောက်အဦအတွက် လှူဒါန်းနိုင်ရေး နှိုးဆော်ခြင်း
ပွင့်တော်မူပြီးသော ဗုဒ္ဓမြတ်စွာဘုရား အဆူဆူတို့သည် “ဝိဟာရ ဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဏိတံ”၊ (ကျောင်း၊ ဗိမာန်လှူဒါန်းခြင်းသည် အမြတ်ဆုံး အလှူဒါနဖြစ်သည်)ဟု ချီးမွမ်းတော်မူခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားအဆူဆူတို့၏ ဒေသနာတော်နှင့်အညီ “ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ”ဟူသော သာသနာတော်သုံးရပ် အရှည်တည်တံ့ ထွန်းကားပြန့်ပွားစေရန် ရည်သန်၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ပိုင် အလယ်တောရစံပြ စာသင်တိုက် မြေပေါ်တွင် ဓမ္မဝိဇယသာသနာ့ ဗိမာန်တော် RC ၄ ထပ် အဆောက်အဦကို မြေအကျယ် သုည ဒသမ ၆၈၈ ဧကပေါ်တွင် အလျား ၁၀၉ ပေ ၆ လက်မ၊ အနံ ၄၆ ပေ ၆လက်မ၊ အဆောက်အဦအမြင့် ၅၀ပေ၊ ပြာသာဒ်အဆောင် ၂၁ပေ ၆လက်မ၊ စုစုပေါင်း ၇၁ပေ ၆လက်မ ဖြင့် ဆောက်လုပ်လျက်ရှိရာ ဤဓမ္မဝိဇယသာသနာ့ ဗိမာန်တော်ကြီးဆောက်လုပ်ပြီးစီးပါက သာသနာပြု လုပ်ငန်းများကို ဤဗိမာန်တော်ကြီးတွင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါ သာသနာ့ဗိမာန်တော်ကြီး အပြီးသတ်ဆောက်လုပ်နိုင်ရေး အတွက် သဒ္ဓါတရား လက်ကိုင်ထားကာ ကျောင်းဗိမာန်ဒါယကာ၊ ကျောင်းဗိမာန်ဒါယိကာမ အဖြစ် ခံယူနိုင်ရန် တတ်စွမ်းသမျှ မြတ်ဒါနကို KBZ Bank A/C No.23132603400117001 သို့ လှူဒါန်းပေးနိုင်ပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန