မြန်မာနိုင်ငံ ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အကြို လှုပ်ရှားမှုအစီအစဉ် အဖြစ် မျက်စိအခမဲ့စမ်းသပ် စစ်ဆေးကုသ

မြန်မာနိုင်ငံ ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အကြို လှုပ်ရှားမှုအစီအစဉ် အဖြစ် မျက်စိအခမဲ့စမ်းသပ် စစ်ဆေးကုသ

နေပြည်တော်  မတ်  ၉

    မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် နေပြည်တော်၌ ကျင်းပမည့် မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)၏   အကြိုလှုပ်ရှားမှု အစီအစဉ်အဖြစ် မတ် ၇ ရက်၌ ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီးနှင့် သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများ ပါဝင်သောအဖွဲ့က ရတနာ မာန်အောင် သီလရှင်စာသင်တိုက်၌ အခြေပြု၍ လည်းကောင်း၊ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး   မုံရွာမြို့၌ လည်းကောင်း မျက်စိအခမဲ့ စမ်းသပ်စစ်ဆေး ကုသမှုများကို ဆောင်ရွက်ပေးပြီး မျက်စဉ်းနှင့် ဆေးဝါးများ၊ မျက်မှန်လိုအပ်သူများ အတွက် မျက်မှန်များ အခမဲ့ထောက်ပံ့ပေးသည်။

အလားတူ နေပြည်တော်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အောက်ရှိ ကျန်းမာရေး ဝန်ထမ်းများက ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ်ရှစ်မြို့နယ်ရှိ အခြေခံပညာကျောင်း  ရှစ်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများကို  အခမဲ့မျက်စိရောဂါ စမ်းသပ်စစ်ဆေး ကုသမှုများကို ဖေဖော်ဝါရီ ၆ ရက်မှ ၂၄ ရက်အတွင်း ဆောင်ရွက်ခဲ့ရာ   စုစုပေါင်း ၁၆၆၀ ဦးကို စမ်းသပ်စစ်ဆေးကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လိုအပ်သူများအတွက် မျက်မှန်များ ထောက်ပံ့ပေးခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မကြာမီ ကျင်းပမည့် မြန်မာနိုင်ငံ ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃) အကြိုလှုပ်ရှားမှုများအဖြစ် မျက်စိအခမဲ့ စမ်းသပ်စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလနှင့် မတ်လအတွင်း မြန်မာနိုင်ငံနေရာ အနှံ့အပြား၌ Satellite Activity အဖြစ် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့၌ မျက်စိရောဂါ အထူးကုဆေးရုံကြီး-ရန်ကုန်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့က တွံတေးမြို့နယ်နှင့်  မှော်ဘီမြို့နယ်တို့သို့ ကွင်းဆင်း၍ လည်းကောင်း၊ မန္တလေးတွင် ခရိုင်ပြည်သူ့ဆေးရုံ၊ ရမည်းသင်းမြို့နယ်  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့က ရမည်းသင်း နည်းပညာတက္ကသိုလ်သို့ လည်းကောင်း၊ ဘားအံမြို့၊ စစ်ကိုင်းမြို့၊  ကျိုင်းတုံမြို့ရှိ ပြည်သူ့ဆေးရုံကြီးတို့၌ လည်းကောင်း ဆောင်ရွက်ပြီးဖြစ်ပြီး လူဦးရေ စုစုပေါင်း ၃၁၃၃ ဦးကို မျက်စိကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။