ICRC မှ လက်ရှိပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ ဆွေးနွေး

နေပြည်တော်  မတ်  ၉

ICRC မှ လက်ရှိပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ ဆွေးနွေး

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် The International Committee of the Red Cross(ICRC) မှ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး (Director of Operations) Mr. Martin Schuepp၊  အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Christine Cipolla၊ ICRC Resident representative, Ms. Elean Ajmone Sessera ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏  ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ICRC မှ လက်ရှိပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား အမှန်တကယ် အကူအညီ    လိုအပ်သည့်သူများထံသို့ ရောက်ရှိစေရေးကိစ္စရပ်များ၊ ICRC ၏ဝန်ထမ်းရေးရာနှင့် ဘဏ္ဍာငွေထုတ်ယူသုံးစွဲမှုကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ်(ကုသရေးဦးစီးဌာန)နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)