နေပြည်တော် မတ် ၉
နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများဆွေးနွေး
ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးသင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေး မှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားသည်။
အဆိုပါ “ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးသင်တန်းအမှတ်စဉ်(၂)” တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ဝန်ထမ်းငါးဦး၊ နေပြည်တော် ကောင်စီအပါအဝင်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူ ၁၅ ဦး၊ ဦးစီးဌာန(ရုံးချုပ်)မှ Help Line တာဝန်ကျဝန်ထမ်း ၂၀ နှင့် စုစုပေါင်းသင်တန်းသား ၄၀ ဖြင့် မတ် ၁၀ ရက်အထိ နှစ်ရက်တာ ဖွင့်လှစ်ပေးခြင်းဖြင့် အလုပ်လုပ်ကိုင်နေသော ကလေးသူငယ်များ၏ ပြဿနာများ ကြုံတွေ့လာရပါက သင်တန်းမှရရှိသော အသိပညာများဖြင့် လူမှုရေးပြဿနာများအား လူမှုဝန်ထမ်း နည်းလမ်းအသုံးပြု၍ ဖြေရှင်းဆောင်ရွက်ခြင်း၊ ချိတ်ဆက်ခြင်း၊ ညွှန်းပို့ခြင်းဖြင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးဖြစ်သူ မြန်မာနိုင်ငံ ဆိုင်ရာ UNOCHA ရုံးအကြီးအကဲ Mr. David Carden ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် Mr. David Carden က မြန်မာနိုင်ငံရှိ ကုလသမဂ္ဂနှင့်အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံခြားသား ဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာရရှိရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးအပ်နိုင်ရေးကိစ္စ၊ အဖွဲ့အစည်းမှတ်ပုံတင်ရေးကိစ္စ၊ UNOCHA နှင့် ဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးတင်ပြသည်။
ပြည်ထောင်စုဝန်ကြီးက အသင်းအဖွဲ့မှတ်ပုံတင်ရန် ဝန်ကြီးဌာနကထောက်ခံနိုင်မည့်ကိစ္စ၊ နားလည်မှုစာချွန်လွှာရှိပြီးပါက ဝန်ကြီး ဌာနက ပြည်ဝင်ဗီဇာနှင့် ခရီးသွားလာခွင့်၊ ထောက်ခံချက်ပေးရန်ကိစ္စ၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ (AHA Centre) ၊ အိန္ဒိယနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့မှ ပေးအပ်နေသည့်အကူအညီများနှင့် စီမံကိန်းဆိုင်ရာကိစ္စ၊ UNOCHA မှ ထုတ်ပြန်သည့် Humanitarian Response Plan 2023 တို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြူသည်။
(၅၀၀)