အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ဘားအံ၊ သက်သာချောင်ချိရေး

အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ကရင်ပြည်နယ် ဘားအံမြို့နယ်၌ နိုင်ငံ့တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ မိသားစုများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ မတ် ၉ ရက် မွန်းလွဲပိုင်းတွင် အမှတ်(၄)ရပ်ကွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးသည်။

အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၅၀ နှုန်းဖြင့်လည်းကောင်း၊ မြေပဲဆီတစ်ဘူးလျှင် ငွေကျပ် ၄၀၀၀ နှုန်းဖြင့်လည်းကောင်း သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည်။

အဆိုပါ အခြေခံစားသောက်ကုန်များကို ဒေသခံပြည်သူများနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ မိသားစုများ စားဝတ်နေရေး အဆင်ပြေစေရန် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ စားသောက်နိုင်ရန်ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

သူရိန်