နေပြည်တော် မတ် ၁၀
မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃) အကြိုအလုပ်ရုံဆွေးနွေးပွဲများကျင်းပ
မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)၏ အကြိုအစီအစဉ်များအဖြစ် ဘာသာရပ်ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲများကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ကျင်းပရာ ကျင်းပရေးဦးစီး ကော်မတီနာယက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် ကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းတို့ တက်ရောက်အားပေးသည်။
နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များပါဝင်သောအဖွဲ့ သည် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ မြန်မာနိုင်ငံအစာအိမ်နှင့် အူသိမ်လမ်းကြောင်းခွဲစိတ် ကုပညာအဖွဲ့က ဦးဆောင်၍ ကျင်းပသော Gastric Cancer Awareness and Gastrectomy သို့ သွား ရောက်၍ Modular Operation Theatre ၌ လက်တွေ့ သင်ကြားမှုများကို ကြည့်ရှု အားပေးကာ သင်တန်းဆရာများအတွက် ဂုဏ်ပြုမှတ်တ မ်းလွှာများကို ပြည်ထောင်စု ဝန်ကြီးက ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ပါမောက္ခဒေါက်တာ သန်းဝင်းညွန့် က Chairperson အဖြစ်ဆောင်ရွက်သည့် Workshop on Mild Cognitive Impairment and Dementia (မှတ်ဉာဏ်ချို့ယွင်းမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်အားပေးကာ Speaker ဖြစ်သည့် ထိုင်းနိုင်ငံ HMahidol University, Department of Preventive and Social Medicine မှ Professor Weerasak Muangpaisan, Geriatric Medicine ကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းပေးအပ်သည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀) သင်ကြားရေး ခန်းမ၌ စင်ကာပူနိုင်ငံ National University of Singapore မှ SHead of Department of Pathology, Professor Tan Soo Young မှ Speaker အဖြစ်ကျင်းပသည့် Workshop on Pitfalls in Histopathology Laboratory Diagnosis သို့တက် ရောက်အားပေး၍ ဒုတိယဝန်ကြီးက Professor Tan Soo Young ကို ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခဲ့ပြီး နေပြည်တော် အရေးပေါ် အသက်ကယ်သင်တန်းဌာန၌ကျင်းပသည့် Workshop on High Quality CPR & Early defibrillation and Emergency Management of Cardiac Arrest Patients in hospital setting ၌ တက် ရောက်နေကြသော သင်တန်းသား ၅၃ ဦးတို့ကို အရေးပေါ်အသက်ကယ်ခြင်းနှင့် ပတ်သက်သည့် သင်ခန်းစာများကို Model များ၊ အထောက်အကူပြုပစ္စည်းများနှင့် လက်တွေ့သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးကာ သင်တန်းဆရာများဖြစ်သော အရေးပေါ် ကုသမှုဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်များ၊ သူနာပြု များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည် ကလေးရောဂါအထူးကုဆေးရုံကြီး- နေပြည်တော်၌ကျင်းပသည့် Basic La -paroscopic Technique Workshop သို့ သွားရောက်၍ ဝမ်းဗိုက်မဖွင့်ရဘဲ Laparoscopy စက်ဖြင့် ခွဲစိတ်ကုသမှုကို လက်တွေ့ သင်ကြား ဆွေးနွေးမှုများကိုလည်းကောင်း၊ သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်၌ ကျင်းပသည့် Point-of-care Ultrasound Workshop သို့ လည်း ကောင်း သွားရောက်၍ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများမှ မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များအား Ultrasound လက်တွေ့သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးပြီး သင်တန်းဆရာများဖြစ်သော ခွဲစိတ်ကုပညာဌာနနှင့် ဓာတ်မှန်ပညာဌာနမှ ပါမောက္ခ/ဌာနမှူးများနှင့် အထူးကုဆရာဝန်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ် သည်။
(သတင်းစဉ်)