စီးပွားရေးသံမှူးများအနေဖြင့် နိုင်ငံတော်၏စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍတိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြား

နေပြည်တော်   မတ်   ၁၀

စီးပွားရေးသံမှူးများအနေဖြင့် နိုင်ငံတော်၏စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍတိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြား

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ပြည်ပနိုင်ငံများသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှူးများကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံပြီး အမှာစကားပြောကြား သည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံမှထွက်ရှိသည့်အဓိကပို့ကုန်များ၊  တန်ဖိုးမြှင့်ထုတ်ကုန်များကို  နိုင်ငံတကာ ဈေးကွက် သို့   ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးနှင့်  ဈေးကွက်ဝေစုပိုမိုရရှိနိုင်ရေး၊ သက်ဆိုင်ရာနိုင်ငံများရှိ  အဖွဲ့အစည်းများ၊ကုန်သည်လုပ်ငန်းရှင်များ၊  အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ရေးနှင့် ပြည်ပနိုင်ငံများ၏ ဈေးကွက်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို  ဆွေးနွေး ပြောကြားပြီး စီးပွားရေးသံမှူးများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍ တိုးတက်မြင့်မားရေးအတွက် မိမိတို့၏ ကျရာကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် စီးပွားရေးသံမှူးများ တက်ရောက်ကြသည်။

(သတင်းစဉ်)