ရန်ကုန် မတ် ၁၀
19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပ
19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းရှိ ပြေးခုန်ပစ်ကွင်း၌ ကျင်းပသည်။
ပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Peng Fong၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ OCA Media Manager Mr. Zhou Jian ၊ Hangzhou Asian Game Organizing Committee member Mr. Ding Jiong ၊ အားကစား နှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ၁၃ နှစ်အထက် အမျိုးသား ၁ ဒသမ ၄ ကီလိုမီတာ အပြေးပြိုင်ပွဲကို သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ရာ ဒုတိယ ဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ OCA Media Manager ၊ Hangzhou Asian Game Organizing Committee member တို့သည် ပြိုင်ပွဲဝင် အားကစား သမားများနှင့်အတူ ပါဝင်ဆင်နွှဲကြသည်။
ဆက်လက်၍ ၁၃ နှစ်အထက် အမျိုးသမီး ၁ ဒသမ ၄ ကီလိုမီတာ အပြေးပြိုင်ပွဲ၊ ၁၃ နှစ်အောက် မီတာ ၄၀၀ အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲနှင့် မီတာ ၁၀၀ မသန်စွမ်း အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ပန်းဝင်လာသော အားကစား သမားများအား ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့် ပြည်သူများက အားပေးကြိုဆိုကြသည်။
ထို့နောက် ပြိုင်ပွဲအသီးသီးတွင် ပထမမှ ဒသမအထိ ဆုရရှိသည့်အားကစားသမားများကို ဆုများချီးမြှင့်ရာ ၁၃ နှစ်အထက်အမျိုးသား ၁ ဒသမ ၄ ကီလိုမီတာ အပြေးပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများကို Hangzhou Asian Game Organizing Committee member ကလည်းကောင်း၊ ၁၃ နှစ်အထက် အမျိုးသမီး၁ ဒသမ ၄ ကီလိုမီတာ အပြေးပြိုင်ပွဲတွင် ဆုရရှိသော အားကစား သမားများကို OCA Media Manager ကလည်းကောင်း၊၁၃ နှစ်အောက် မီတာ ၄၀၀ အမျိုးသားအပြေးပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ ၁၃ နှစ်အောက် မီတာ ၄၀၀ အမျိုးသမီး အပြေးပြိုင်ပွဲတွင် ဆုရရှိသောအားကစားသမားများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှယဉ်ကျေးမှု သံမှူးကလည်းကောင်း၊ မသန်စွမ်း အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများနှင့် အသက်အငယ်ဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့သည့် သက်ထားစံ ခြောက်နှစ်အား အထူးဆုကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရအားကစားသမားများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
ဝန်းရံခ