မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကျင်းပ

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကျင်းပ

နေပြည်တော် မတ် ၁၁

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြား၍ နှီးနှောဖလှယ်ပွဲကို ကျင်းပသည်။

နှီးနှောဖလှယ်ပွဲ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း အစီအစဉ်များတွင် main symposium အဖြစ် Quality Care in Medical Practice (အရည်အသွေးရှေးရှု ကျန်းမာရေး စောင့်ရှောက်မှု)အကြောင်းကို ဆွေးနွေးကြပြီး Genomic medicine in Myanmar-Current and Future Applications (မျိုးရိုးဗီဇဆိုင်ရာ ဆေးပညာကို  လက်ရှိနှင့် အနာဂတ်အသုံးချမှုများ)၊ Professor Ouppatham က Role of calcitriol in the management of chronic kidney disease (နာတာရှည်ကျောက်ကပ်ရောဂါကုသမှုအတွက် ဗီတာမင်ဒီ၏အခန်းကဏ္ဍ)၊ Living with Hypertension   (သွေးတိုးရောဂါအတွက် ပြောင်းလဲကျင့်သုံးရမည့် လူနေမှုပုံစံသစ်)၊  Surgery Updates in Management of  gastric cancer၊ Inguinal Hernia and Sepsis၊ Dr Takayuki Inagaki နှင့် မြန်မာဆရာဝန်ကြီးများက Updates in Neurosurgery (ဦးနှောက်အာရုံကြော ခွဲစိတ်ရောဂါများ နောက်ဆုံးပေါ်ခေတ်မီ ကုသမှုနည်းလမ်းများ)၊ updates in management of Colorectal cancer (အူမ ကြီးကင်ဆာကုသမှု နောက်ဆုံးပေါ်ခေတ်မီ ကုသမှုနည်းလမ်းများ)၊  Haematopatho-logical cases၊ Update in endoscopic surgery၊ Safe anaesthesia for every patient today၊ Updates on Prevention of Cervical Cancer၊ update on Endocopic surgery ၊ (ကိုယ်တွင်းကြည့်မှန် ပြောင်းဖြင့် ခွဲစိတ်မှုနောက်ဆုံးပေါ် ခေတ်မီ ကုသမှုနည်းလမ်းများ)၊  Safe anaesthesia (လုံခြုံစိတ်ချရစေရာ၊ မေ့ဆေးပေးစဉ် အချိန် တိုင်းမှာ)၊ Haematopathological  Cases (သွေးရောဂါဖြစ်ပွားနေသော လူနာများ၏ ဖြစ်စဉ်ကို တင်ပြခြင်း)၊ Professor Dr Tan Soo Young က Pathology Special Talk အဖြစ် Challenges in Diagnosis of Lymphoma၊ Standard care in cardiology (အရည်အသွေးရှေးရှု နှလုံးကုသမှု)၊ Dr. Sanjay Kalra က Basal in-sulin Addressing the Fasting Plasma Glucose Challenge (နံနက်စာမစားမီ ဆီးချိုသွေးချိုကို အင်ဆူလင်ဖြင့် ထိန်းညှိခြင်း)၊ "Not to Miss" (အရိုးပါး အရိုးပွရောဂါမမေ့လျော့သင့်ပါ)၊ Updates in Management of Common Hepatobiliary Problems (အသည်း၊ သည်းခြေလမ်းကြောင်းနှင့် ပန်ကရိယဆိုင်ရာရောဂါများ၏ နောက်ဆုံးပေါ် ကုသနည်းများ)၊ Integrative care of Pain (နာကျင်မှုဝေဒနာအား စုပေါင်းကုသခြင်း)၊ Dr Ta-

weesak Chotivatanapong နှင့် Dr Suphasit Sathitrakool တို့က IHD: Stable Angina and Longterm treatment (နှလုံးသွေးကြောကျဉ်းရောဂါအတွက် ရေရှည်ကုထုံးများ)၊ (Standard Practice in Gastroenterology) (အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါစံပြုကုထုံး) ခေါင်းစဉ်များဖြင့်   ဟောပြော ဆွေးနွေးကြပြီး တက်ရောက်လာသူများက ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း    သိရသည်။