မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဒုတိယနေ့ကျင်းပ
နေပြည်တော် မတ် ၁၂
မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)၏ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)) တွင် ဒုတိယနေ့အဖြစ် ယနေ့ဆက်လက် ကျင်းပသည်။
နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများ၊ သင်ခန်းစာများနှင့် အနာဂတ်တွင် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်မှုများကို ကြံ့ခိုင်စွာဆောင်ရွက်နိုင်ရန် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ခြင်း လုပ်ငန်းများ နှင့်ပတ်သက်၍ (Concerted Response to the COVID-19 Pandemic in Myanmar : Challengesç Lessons Learnt and Strengthening Resilience to Future Pandemic) ခေါင်းစဉ်ဖြင့် Main Sym-posium အဖြစ်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ကာကွယ်ရေး လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးစားပေးအုပ်စုများ အလိုက် လွှမ်းခြုံမှုမြင့်မားစွာ ထိုးနှံပေးနိုင်ရန် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ ဓာတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းများ၊ ပြည်သူ့ဆေးရုံ၊ ဆေးခန်းများတွင် ကုသရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်ခဲ့မှုများ၏ အတွေ့အကြုံများ၊ သင်ခန်းစာများ၊ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍနှင့် လူမှုရေး အသင်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ ဆေးပစ္စည်းများ၊ ကာကွယ်ရေးပစ္စည်းများ လုံလောက်စွာ ရရှိရေးအတွက် ဆောင်ရွက်ချက်များ၊ clinical management committee ၏ အခန်းကဏ္ဍများကို ဆွေးနွေးကြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းအကြံပြု ဆွေးနွေးကြသည်။
ယင်းနောက် ဆွေးနွေးပွဲများကို အစီ အစဉ်အတိုင်း ကျင်းပရာ ကျန်းမာရေး ပညာရှင်များအကြား ယှဉ်တွဲသင်ယူ လေ့လာမှုနှင့် လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုကို (IPE,IPCP, Essential Strategy for quality care in medical practice) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အရည်အသွေး ပြည့်ဝသော သူနာပြုနှင့် သားဖွားပညာရေး သင်ကြားရေးနှင့် ပတ်သက်၍ (Nursing Education)) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မျိုးရိုးဗီဇ ရှေးဟောင်း သုတေသနနည်းပညာဖြင့် မြန်မာ့သမိုင်းကြောင်းကို ဖော်ထုတ်ခြင်း (Archeogenetic exploration of the ancestors of Myanmar ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပသည်။ ဆွေးနွေးပွဲများကို ပြည်ထောင်စုဝန်ကြီး တက်ရောက် အားပေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ဆွေးနွေးပွဲ တက်ရောက်ကြသူများ အနေဖြင့် မိမိတို့စိတ်ဝင်စားသော ဘာသာ ရပ်များအား လေ့လာဆွေးနွေးနိုင်ရန် အတွက် အခန်း(၅)ခန်းခွဲ၍ Parallel Session များကို တစ်ပြိုင်တည်း ကျင်းပခဲ့ရာ ဆေးရုံများတွင် ကုသမှုအရည်အသွေး ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း(Improving quality of care in hospital) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ကလေးငယ်များ၏ အသက်သေဆုံးမှုကို ကာကွယ်ပေးခြင်း(Saving the Lives of Children by Quality Immunization Services) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အစားအသောက် ယုံတမ်းစကား၊ တရားမဝင်တင်သွင်းလာသော ဆေးဝါးများ၊ စံမညီဆေးဝါးများ၊ ဆေးဝါးအတုများနှင့် ပတ်သက်၍ လူထု ကျန်းမာရေးအပေါ် သက်ရောက်နိုင်မှု အခြေအနေများ၊ အရည်အသွေးနှင့် စွမ်းဆောင်ရည်ကောင်းမွန်၍ ဘေးအန္တရာယ် ကင်းရှင်းသော ဆေးပစ္စည်း ကိရိယာများကို ဆေးဘက်ဆိုင်ရာ နယ်ပယ်အတွင်း ရရှိစေရေး(Food Hoaxand Illegal Medical Products that Impact on Health)) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အရိုးပွခြင်းရောဂါ(Osteoporosis : Why is a hip fracture so Dangerous )ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကလေးကျန်းမာရေး ပညာရပ်များနှင့် ပတ်သက်၍ (Acute Care in Paediatric Practice ESifh Trans-catheter interventions in Congenital heart disease ) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကပ်ရောဂါနှင့် ယှဉ်တွဲ၍ ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဖိအားများ အကြောင်းကို (Public Health Pandemic inheritance environmental stressor) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အရိုးအကြောအဆစ် ရောဂါ အဖြေရှာရာတွင် မှားနိုင်ခြေများနှင့် ပတ်သက်၍ (Pitfalls in the interpretation of investigations in Rheumatological Practice) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဆုတ်ကင်ဆာရောဂါများနှင့် ပတ်သက်၍ (Lung Malignancy) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဟော်မုန်းဆိုင်ရာ ရောဂါများနှင့် ပတ်သက်၍ Changing concepts in Management of Type 2 Diabetes ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သွားတုစိုက်ခြင်းနှင့် ပတ်သက်၍ ကိုရီးယားနိုင်ငံမှ သွားဆရာဝန်ကြီး Dr. Ha Nee Bae က Minimally invasive Implant treatment ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြန်လည်သန်စွမ်း ရေးနှင့် ပတ်သက်၍ Improving rehabilitation in Myanmar ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တီဘီရောဂါများနှင့် ပတ်သက်၍ Updated Management of latent and drug-resistant TB ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးခေါင်းနှင့် လည်ပင်းတွင်ဖြစ်တတ်သော ကင်ဆာရောဂါများနှင့် ပတ်သက်၍ (Management of Head and Neck Cancer)ခေါင်းစဉ်ဖြင့် လည်းကောင်း သက်ဆိုင်ရာ ပညာရှင်များက ဆွေးနွေးတင်ပြ၍ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် အစီအစဉ်များကို Parallel Sessions များအဖြစ် အခန်းအသီးသီး၌ ဆက်လက်ကျင်းပပြီး မေးရိုးနှင့်ခံတွင်း ကင်ဆာဝေဒနာရှင်များအား ကုသမှုပေးနေသည့် ခေတ်မီခွဲစိတ်မှု နည်းပညာရပ်များနှင့် ပတ်သက်၍ (Surgical Management of Oral Cancer in University of Dental Medicine, Pediatric Neurology) ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ ဦးဆောင် ဆွေးနွေးသည်။
အစီအစဉ်အရ Plenary Hall တွင် အသံတိတ် ကပ်ရောဂါအသွင် ပဋိဇီဝဆေး ယဉ်ပါးမှုဖြစ်စဉ်နှင့် ပတ်သက်၍ (Anti-Microbial Resistance, a Silent Pandemic) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆေးလက်တွေ့ သင်ကြားရေး အရွေ့နှင့် စနစ်တကျ စိစစ်ခွဲခြားစဉ်းစားခြင်း ဓလေ့ (Clinical Teaching and Critical Thinking) ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြသည်။
ထို့ပြင် Parallel Sessions များအဖြစ် ဦးနှောက် အရေးပေါ် ဝေဒနာအချိန်နှင့် တစ်ပြေးညီကုသပါ (Time is brain, Recent advances of Status Epilepticus, Update on Hyperacute management of Ischaemic Stroke) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောက်ကပ်ကျန်းမာ အားလုံးအတွက်ပါ (Kidney Health for All ) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကင်ဆာကုသမှု အောင်မြင်ရေး ဌာနပေါင်းစုံ စည်းဝေးညှိနှိုင်းပေး (Multidisplinary team meeting in effective Cancer management) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကိုရီးယားနိုင်ငံမှ Dr. JIEUN CHOI ဦးဆောင်၍ Approach to the patients with CNS infection and encephalopathy ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဂျပန်နိုင်ငံမှ Dr. Naoko KISHI ဦးဆောင်၍ (Comprehensive treatment for cleft lip and Plate)ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Sustainability of HOPE by Hospice and Palliative care in Myanmar ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆီးချိုကြောင့် မျက်စိအမြင် အာရုံလွှာထိခိုက်ခြင်းကို ကုသနည်းများ (Ophthalmology Current trend in the management of Diabetic Retinopathy)ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကိုရီးယားနိုင်ငံမှ Dr. Hijin You ဦးဆောင်၍ Introduction of Craniofacial surgery ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကလေးကျန်းမာရေး ပညာဌာန၊ သားဖွားနှင့် မီးယပ်ပညာဌာန၊ ခွဲစိတ်ကုပညာ ဌာနတို့မှ သက်ဆိုင်ရာ Clinical Session များဖြင့် ဆွေးနွေးကြရာ Parallel Session အလိုက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ အသိပညာဖလှယ် ခြင်းများကို စိတ်ပါဝင်စားစွာ ဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ် ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃) ကို မတ် ၁၁ မှ ၁၂ ရက်အထိ ကျင်းပဆောင်ရွက်ခဲ့ရာ ကျန်းမာရေး ဝန်ကြီးဌာနမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အငြိမ်းစားဆေးပညာရှင် ဆရာဝန်ကြီးများ၊ ဆေးပညာနှင့် ဆက်စပ်နှီးနွှယ်သော ပညာရှင်ကြီးများ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဆေးပညာရှင်ကြီးများ၊ နှီးနွှယ်ဝန်ကြီးဌာနများမှ ပညာရှင်ကြီးများ၊ နိုင်ငံတကာမှ ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များ၊ မြန်မာနိုင်ငံ ဆရာဝန်များ အသင်းနှင့် ဘာသာရပ်ဆိုင်ရာ ဆရာဝန်များအဖွဲ့၊ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်ကြီးများ အသင်းနှင့် ဆေးကုမ္ပဏီများ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်းလူဦးရေ ၂၀၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။