UMFCCI နှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်း၍ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေး

UMFCCI  နှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်း၍ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေး

    အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်   စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်း၍ ပြင်ဆင်ခြင်းမှသည်   ဈေးကွက်ဝင်ရောက်ခြင်းဆီသို့ ခေါင်းစဉ်ဖြင့်  ဆွေးနွေးပွဲကို  မတ်  ၁၇  ရက်ကရန်ကုန်မြို့ရှိ UMFCCI မင်္ဂလာခန်းမ၌ ကျင်းပသည်။

“ကျွန်တော်တို့ MSME လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ဖို့အတွက်  နိုင်ငံတော်က အားပေးလုပ်ဆောင်နေသလို UMFCCI အနေနဲ့လည်း    ပုဂ္ဂလိကလုပ်ငန်းတွေ တိုးတက်လာစေဖို့ ဆောင်ရွက်ပေးနေပါတယ်။ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့   MSME တွေ တိုးတက်ဖို့ အခွင့်အလမ်းတွေ၊ စိန်ခေါ်မှုတွေ၊     ဈေးကွက်အနေအထားတွေနဲ့ ဘယ်လိုပြောင်းလဲမှုတွေ လုပ်ရင် တိုးတက်လာမလဲ၊   အချင်းချင်း ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့   ဘယ်လိုဆက်သွယ်မလဲ   စတဲ့အချက်အလက်တွေကို သိရှိစေဖို့ ဆွေးနွေးပွဲ ကျင်းပတာဖြစ်ပါတယ်”ဟု UMFCCI  ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင် ကပြောသည်။

ဆွေးနွေးပွဲတွင် UMFCCI ဒုတိယ ဥက္ကဋ္ဌ  ဦးရဲမင်းအောင်က  Moderator  အဖြစ်ဆောင်ရွက်ပြီး  City  Holding Limited မှ ဦးဝင်းမြင့်အောင်၊ ဧရာဝတီဘဏ်မှ ဦးနေလင်းထွဋ်၊ op-Cashew Nut & Cashew Brittle မှ ဒေါ်အင်ကြင်းခိုင်၊ Myanmar Barcode Association မှ ဦးသန့်ဇော်ကိုတို့က အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ပြင်ဆင်ခြင်းမှသည်   ဈေးကွက်ဝင်ရောက်ခြင်းဆီသို့ ခေါင်းစဉ်အောက်တွင် ချေးငွေနှင့် သက်ဆိုင်သည့် အချက်များ၊ MSMEလုပ်ငန်းများ တိုးတက်လာစေရေး ဈေးကွက်နည်းပညာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ဈေးကွက်ဖော်ဆောင်ခြင်း    စသည်တို့ကို ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စီးပွားရေး လုပ်ငန်းရှင်များက သိရှိလိုသည်များ    ပြန်လည်မေးမြန်း ဆွေးနွေးကြကြောင်း သိရသည်။