မြိုင်မြို့နယ်၊ သရက်ကွကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ် ၂ စီးဖြင့် Drop Bomb များ ဆင်ခြင်တုံတရားမဲ့စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဘုရားစောင်းတန်းနှင့် အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်အမိုးများပျက်စီး
နေပြည်တော်၊ မတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက် သမားများက Drone ယာဉ် ၂ စီးဖြင့် Drop Bomb များ ဆင်ခြင်တုံတရားမဲ့စွာ ပစ်ချတိုက်ခိုက်သဖြင့် ဘုရားစောင်းတန်းနှင့် အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်အမိုးများ ပျက်စီးခဲ့သည်။
ဖြစ်စဉ်မှာ မတ် ၂၀ ရက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် သရက်ကွကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အဆိုပါကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာမှ Drone ယာဉ် ၂ စီးဖြင့် Drop Bomb များ လာရောက်ပစ်ချ တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း Drop Bomb ၁၅ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျေးရွာရှိ ရွှေတောင်သာ ဘုရားစောင်းတန်းရှိ သွပ်မိုး ၂ ချပ်နှင့် လူနေအိမ် ၅ လုံး၏ သွပ်မိုးများ ဗုံးသီးစထိမှန်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်လျက်ရှိသော ကျေးရွာအတွင်းသို့ Drone ယာဉ် ၂ စီးဖြင့် Drop Bomb များ ဆင်ခြင်တုံတရားမဲ့စွာ ပစ်ချတိုက်ခိုက် ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များအား နေ့ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။