မြန်မာနိုင်ငံသို့ AHA   Centre  မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၏  ကြားဖြတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံသို့ AHA   Centre  မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၏  ကြားဖြတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်  မတ်  ၂၃

 

မြန်မာနိုင်ငံသို့  AHA   Centre  မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၏   ကြားဖြတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးကို လုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌ ဖြစ်သော အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဒေါက်တာသက်သက်ခိုင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌    မြန်မာနိုင်ငံတွင် အမှန်တကယ်အကူအညီလိုအပ်နေသည့် ပြည်သူများအတွက်   ပိုမိုကျယ်ပြန့်သော လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရန် လိုအပ်ချက်ဆန်းစစ်မှုလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ကြားကာလအကူအညီပေးအပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး   ထိရောက်၍လုံခြုံမှုရှိသော မြေပြင်လုပ်ငန်းများအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အစည်းအဝေး၌ အာဆီယံ တူညီဆန္ဒ၏   စတုတ္ထအချက်ဖြစ်သည့် လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေးနှင့် စပ်လျဉ်း၍  မြန်မာနိုင်ငံ၏ ကတိကဝတ်အပေါ်  ထပ်လောင်းအတည်ပြုခဲ့ကြပြီး အကူအညီ လိုအပ်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ရှိရင်းစွဲ ယန္တရားများအကြား ပေါင်းစပ်ညှိနှိုင်းအားကိုလည်း တိုးမြှင့်သွားရန် ဆွေးနွေးခဲ့သည်။