ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် - ၂၈

      ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ် ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

       ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် အဖွဲ့ဝင်များသည်  ပုသိမ်မြို့၊ စံပြဘက်စုံစိုက်ပျိုး မွေးမြူရေးခြံရှိ ဟင်းသီးဟင်းရွက်နှင့် ရာသီသီးနှံ များ စိုက်ပျိုးထားရှိမှု၊ မြေအစားထိုးဓာတုကင်းလွတ် ဟင်းသီးဟင်းရွက် စိုက်ပျိုးထားရှိမှု၊ ဉစားကြက် ၊ DYL ဝက်နှင့် ဉစားဘဲမွေးမြူထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။