စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်
အမှတ်စဉ်(၉၉)
-ကျောက်မီးသွေး
Super Critical ၁၃၀၀
Sub-Critical 1800-၂၃၀၀
-နေအား
Photo Voltaic ၂၁၀၀
-ဘူမိအပူ ၄၀၀၀-၄၅၀၀
-နျူကလီးယား ၄၅၀၀-၅၀၀၀
(Source-Myanmar Energy Master Plan 2015, ADB)
(ခ)အရင်းအမြစ်အလိုက် စွမ်းဆောင်ရည် (Capacity Factor)
စက်တွေအားလုံးဟာ အရင်းအမြစ်သုံးစွဲမှုမတူရင် တစ်နှစ်ပတ်လုံး စွမ်းဆောင်နိုင်တဲ့ စွမ်းရည်လည်းမတူကြပါဘူး။ သဘာဝက ပေးနေတဲ့ စွမ်းအင်တွေရှိသလို တူးဖော်ထုတ်လုပ်လို့ရတဲ့ စွမ်းအင်တွေလည်း ရှိနေပါတယ်။ သဘာဝကပေးတဲ့ စွမ်းအင်တွေကို တော့ ရာသီအလိုက်၊ အချိန်အလိုက်သာရရှိနိုင်ကြပါတယ်။ စက်စွမ်းရည် (Capacity Factor) ဆိုတာ တပ်ဆင်ထားတဲ့စက်ကို တစ်နှစ်ပတ်လုံး စွမ်းအားပြည့် ဘယ်လောက်အသုံးပြုနိုင်တယ်ဆိုတဲ့အချက်ကို ဖော်ပြတာပါ။ ဒီ Factor ကိုကြည့်ရင် အရင်းအမြ စ်တစ်မျိုးစီရဲ့ စွမ်းဆောင်ရည်ကို သိနိုင်ပါတယ်။ ဆိုလိုတာကတော့ တစ်နှစ်မှာ ၈၇၆၀ နာရီရှိပေမယ့် ရာခိုင်နှုန်းမည်၍မည်မျှသာ ဒီစက်ရုံအမျိုးအစားက သူ့တပ်ဆင်စက်အင်အားအတိုင်း ဓာတ်အားပေးနိုင်တယ်ဆိုတာကို ဆိုလိုတာပါ။
အရင်းအမြစ်အလိုက် စက်စွမ်းရည်များ
အရင်းအမြစ်အမျိုးအစား စက်စွမ်းရည်(ရာခိုင်နှုန်း)
-နေအား
- Photo Voltaic (PV) ၂၀
- Concentrated Solar Power (CSP) ၂၅
-လေအား ၃၀
-ရေအား ၅၀
-ဘူမိအပူ ၇၀
-သဘာဝဓာတ်ငွေ့(စွန့်ပစ်အပူပါ) ၈၀
-ကျောက်မီးသွေး ၈၀
-နျူကလီးယား ၈၀
(Source- Myanmar Energy Master Plan 2015, ADB)
(ဂ) အရင်းအမြစ်အလိုက် လောင်စာစရိတ် (Fuel Cost)
ဓာတ်အားထုတ်လုပ်ရာမှာ လောင်စာ သို့မဟုတ် စက်လည်ပတ်မှု ကုန်ကြမ်းလိုအပ်ပါတယ်။ ရေအား၊ နေအား၊ လေအား၊ ဒီလှိုင်း၊ ဘူမိအပူ စတာတွေဟာ သဘာဝက အခမဲ့ပေးထားတဲ့အတွက် စရိတ်မကုန်ပေမယ့် တွင်းထွက်လောင်စာတို့၊ ကျောက်မီးသွေးတို့ စတာတွေဟာ တူးဖော်ထုတ်လုပ်ပြီး သယ်ဆောင်အသုံးပြုရတဲ့အတွက် စရိတ်ကြီးတဲ့ အရင်းအမြစ်တွေပါ။ အရင်းအမြစ်စရိတ်ကြီးရင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ်လည်း သိသိသာသာဈေးနှုန်းမြင့်မှာ ဖြစ်ပါတယ်။
(ဃ) အရင်းအမြစ်အလိုက် စက်ရုံတည်ဆောက်မှုကြာချိန် (Construction Time)
အရင်းအမြစ်ကွဲပြားရင် ဓာတ်အားပေးစက်အမျိုးအစား ကွဲပြားပါတယ်။ ဓာတ်အားပေးစက်အမျိုးအစားကွဲရင် တည်ဆောက်မှု ပုံစံရော သုံးရတဲ့ပစ္စည်းတွေပါ မတူတော့ပါဘူး။ ဒီလိုမတူရင် တည်ဆောက်ချိန်လည်း ကွာခြားသွားပါတယ်။
အရင်းအမြစ်အလိုက်တည်ဆောက်မှုကြာချိန်
အရင်းအမြစ်အမျိုးအစား တည်ဆောက်မှုကာလ(နှစ်)
-နေစွမ်းအင်
- Photo Voltaic(PV) ၁.၅
- Concentrated Solar Power (CSP) ၂.ဝ
-လေစွမ်းအင် ၁.၅
-သဘာဝဓာတ်ငွေ့(စွန့်ပစ်အပူသုံးပါ) ၂.ဝ
-ကျောက်မီးသွေး ၄.ဝ
-ရေအား (တိုင်းတာပုံထုတ်အပါအဝင်)
- အကြီးစား^အလတ်စား ၆-၁၀
- အသေးစား ၂-၄
(Source; ကမ္ဘာနှင့် မြန်မာလက်တွေ့ဆောင်ရွက်မှုမှ)
(င) အရင်းအမြစ်အလိုက်စက်ရုံသက်တမ်း (Life Time)
အရင်းအမြစ်သုံးစွဲမှုကွဲပြားခြားနားရင် စက်တွေရဲ့သက်တမ်းတွေလည်း ခြားနားပါတယ်။ အပူစွမ်းအင်ကို အသုံးပြုတဲ့စက်တွေဟာ သက်တမ်းတိုတယ်လို့ ယေဘုယျပြောလို့ရသလို သဘာဝဘေးဒဏ် ကျရောက်တတ်တဲ့ လေစွမ်းအင်သုံးစက်တွေရဲ့ သက်တမ်းက လည်း တိုတတ်ပါတယ်။
အရင်းအမြစ်အလိုက် စက်ရုံသက်တမ်း (Life Time)
အရင်းအမြစ်အမျိုးအစား စက်ရုံသက်တမ်း(နှစ်)
-လေစွမ်းအင် ၂၀
-နေစွမ်းအင် ၂၅
-သဘာဝဓာတ်ငွေ့ ၂၅
-ကျောက်မီးသွေး ၃၀
-နျူကလီးယား ၆၀
-ရေအား ၇၀
(Source - Myanmar Energy Master Plan, 2015 , ADB. Climate Gamble is Anti-Nuclear Activism Endangering Our Future?, By Rauil Partanan & Jame M Korhonen)
(စ)အရင်းအမြစ်အလိုက် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ထုတ်လွှတ်မှု
၁၉၈၀ ပြည့်နှစ်များမတိုင်မီက လျှပ်စစ်စက်ရုံ တည်ဆောက်မှုလုပ်ငန်းများမှာ ကမ္ဘာကြီးပူနွေးလာမှု၊ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ် လွှတ်မှုတွေကို အသံကျယ်ကျယ်မကြားခဲ့ရပေမယ့် ယနေ့ကာလမှာ ဒီကိစ္စကို တချို့က ရှေ့တန်းတင်လာကြတယ်။ ဓာတ်အား တစ်ယူနစ်တိုင်းအတွက် ဘယ်အရင်းအမြစ်က CO2 ဘယ်လောက်ထုတ်နေတယ်ဆိုတာ ဖော်ပြပါမယ်။
အရင်းအမြစ်အလိုက် CO2 ထုတ်လွှတ်မှု
အရင်းအမြစ်အမျိုးအစား CO2 ထုတ်လွှတ်မှု
(Gram/KWh)
ရေအား ၆.၆
နျူကလီးယား ၁၄.၉
လေအား ၁၆.၄
နေအား (စလ) ၂၇.၃
နေအား (စလ) ၄၉.ဝ
ဇီဝလောင်စာ ၆၁.ဝ
ဘူမိအပူ ၆၂.ဝ
ကျောက်မီးသွေး
(CO2 Capture & Storage) ၃၄-၄၁၀
သဘာဝဓာတ်ငွေ့ ၃၅၀
ကျောက်မီးသွေး (Sub-Critical) ၁၇၀၀
ကျောက်မီးသွေး (Super Critical) ၇၃၀
ကျောက်မီးသွေး (Ultra Super Critical) < ၇၀၀
(Source; Climate Change & Nuclear Power, 2015, IAEA)
(ဆ) ဓာတ်အားထုတ်လုပ်မှုကုန်ကျစရိတ် (Production Cost)
ရှေ့မှာဖော်ပြခဲ့တဲ့ အခြေခံအကြောင်းတရားတွေကြောင့် ဓာတ်အားထုတ်လုပ်လိုက်လို့ ထွက်လာတဲ့ ဓာတ်အားထုတ်လုပ်မှု စရိတ်တွေဟာလည်း မတူကြတော့ပါဘူး။ အောက်မှာဖော်ပြတာကတော့ တစ်ကီလိုဝပ်နာရီ(တစ်ယူနစ်)အတွက် ဓာတ်အား ထုတ်လုပ်မှုစရိတ်များပါပဲ။ အရှေ့တောင်အာရှနိုင်ငံ အများစုမှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်းများပဲဖြစ်ပါ တယ်။
ဆက်လက်ဖော်ပြပါမည်။