ဖာဘင်ဟို၏ ဒဏ်ရာ ထင်သလောက်မဆိုး၍ သုံးပွဲသာ လွဲချော်နိုင်မည်

အဲဗာတန်နှင့်ပွဲတွင်  လီဗာပူးအသင်း  အဓိကဗဟိုခံစစ်မှူး ဗန်ဒိုက် ဒူးအရွတ်ဒဏ်ရာ ပြင်းထန်စွာရရှိသွားခြင်းကြောင့် ကာလရှည် အနားယူရတော့မည်ဖြစ်ပြီး ၎င်း၏နေရာ၌ အစားထိုး ကစားပေးနေသည့်  ဘရာဇီးကွင်းလယ် ကစားသမား  ဖာဘင် ဟိုသည်လည်း အောက်တိုဘာ ၂၇ ရက်ညက မစ်ဂျေးလန်း အသင်းကို နှစ်ဂိုးပြတ်အနိုင်ရသည့်ပွဲ၌ တံကောက်ကြောဒဏ်ရာ ထပ်မံရရှိသွားရာ  လီဗာပူးဆေးအဖွဲ့က  အဆိုးဆုံးတတိယအဆင့်  တံကောက်ကြောဒဏ်ရာမျိုး ဖြစ်လျှင်  ခြောက်လခန့် အနားယူရမည်ကို စိုးရိမ်ခဲ့ကြသည်။

သို့သော် အောက်တိုဘာ ၂၈ ရက်တွင် စစ်ဆေးခဲ့ပြီးနောက် ဖာဘင်ဟို၏ ဒဏ်ရာသည်  ထင်ထားသလောက်မဆိုး၍  သုံးပွဲ လောက်သာ နားရဖွယ်ရှိသည်။

လီဗာပူးအသင်း၌  လက်ရှိ  ဗဟိုခံစစ်မှူးတစ်ဦးသာရှိ၍  မစ်ဂျေးလန်းနှင့်ပွဲ၌ ဖာဘင်ဟို၏နေရာကို လူစားဝင်ကစားစေ ခဲ့သော အသက် ၁၉ နှစ်အရွယ် ရိုင်းဝီလျံထက် ပိုပြီးအတွေ့အကြုံရှိသည့်  ခံစစ်မှူးနတ်ဖိလစ်ကို  လာမည့်ဝက်စ်ဟမ်းနှင့် ပွဲအတွက် ခေါ်ယူအသုံးပြုဖွယ်ရှိနေသည်။      

Ref:Dailymail